Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ရွှေဘိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ “အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း” က တော်လှန်ပြ​ည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားကိုင်ဆောင်ပြီး ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်အတွင်းမှာလည်း တော်လှန်လူငယ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားက စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဘိုသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။