Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကာလဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကာကွယ်ရေးပါဝင်ကြဖို့ ချင်းပြည်ကောင်စီ တိုက်တွန်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

(ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chinland Channel)

ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလတွင် မိမိတို့ဌာနေဒေသကို စွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရှာဖွေ ခြင်းဟာ လွယ်ကူသောရွေးချယ်မှု ဖြစ်နိုင်ပေမယ့် အမျိုးသား တော်လှန် ရေးအတွက် မှန်ကန်သောရွေးချယ်မှုမဟုတ်ဟု ဖော်ပြပါတယ်။

ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွါဘဲ ကဏ္ဍအသီးသီးမှ ချင်းပြည် ကာကွယ်ရေးနဲ့ ချင်းပြည်ရှင်သန်ရပ်တည်ရေးအတွက် ပါဝင်ကြရမှာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်ကောင်စီအနေနဲ့လည်း ချင်းပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အကြမ်းဖက် စစ်တပ်ကို နေ့စဉ်ရက်ဆက် တော်လှန် တိုက်ခိုက်နေသလို ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည် တည်ဆောက်ရေးနဲ့ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲ ချိတ်ဆက်ပြီး ကြိုးပမ်းနေကြောင်း ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက စစ်အာဏာရှင် စနစ် အမြစ်ကနေ နှုတ်ယူဖို့ တနိုင်ငံလုံး တိုက်ပွဲဝင်နေကြောင်း ပြောကြားပြီး တိုင်းပြည်ကို ပြည်သူမပါဘဲ အုပ်ချုပ်လို့ မရသလို လက်နက်နဲ့ ပြည်ထောင်စု တည်ဆောက်လို့မရဘူးလို့ အသိပေးပါတယ်။

” စစ်တပ်ကြီးစိုးတဲ့စနစ်က ချင်းအမျိုးသားများရဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်တဲ့အတွက် ပြည်သူ့ဆီမှာ အာဏာရှိတဲ့ ဒီမိုကေရစီရရှိတဲ့အထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်”လို့ ပူးဇင်ကျုံးက ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ တို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခဲ့ရာ ပြည်ထောင်စုတည်ဆောက်ရေးမှာ ချင်းလူမျိုးတွေရဲ့ ပါဝင်ဦးဆောင်မှုက အထူးအရေးပါကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ချင်းပြည်တရပ်လုံးမှာ ချင်းအမျိုးသားလွတ်မြောက်ရေးကို ဆုံးခိုင်းတိုင်အောင် ဖော်ဆောင်နိုင်ဖို အထူးလိုအပ်ပြီး အဲဒီအတွက် အရေးကြီးဆုံးက ညီညွတ်ရေးဖြစ်ကြောင်း ပြောပါတယ်။

” အာမခံချက်ပြည့်၀တဲ့ ချင်းပြည်လွတ်မြောက်ရေးကို စစ်ရေးအရ နိုင်ငံရေးအရ တပြိုင်နက်တည်း ဖော်ဆောင်နိုင်ဖိုလည်းလိုပါတယ်။ အဲဒါက အရေးကြီးတာက အမျိုးသား ညီညွတ်ရေးကိစ္စဖြစ်ပါတယ်။ ချင်းလူမျိုးတွေ အချင်းချင်း တိုင်တိုင်ပင်ပင်ညှိညှိနှိင်းနှိင်း လုပ်နိုင်မှ ချင်းပြည်တည်ဆောက်ရေးဟာ အောင်မြင်မှာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။ ချင်းတွေအချင်းချင်း အင်အားတွေကို စုစည်းထားမှ ချင်းပြည်လွတ်မြောက်ရေးအတွက် အာမခံချက်ရှိမှာ ဖြစ်ပါတယ်”လို့လည်း ယာယီသမ္မတက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ခုနှစ်ဟာ ပြည်သူ့အင်အားကို အဓိကထားပြီး တော်လှန်ရေးကို ပိုမိုမြန်ဆန်စွာ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ့် နှစ်တနှစ်အဖြစ် ပုံဖော်ကြရမှာဖြစ်ကြောင်း ချင်းပြည်(Chinland)ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သတင်း

​တော်လှန်​ရေးမဟာမိတ်ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။