Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ် မလုပ်ရန်ဆိုကာ ဒီချုပ်ပါတီအမည်ဖြင့် ထုတ်ပြန်စာအတု ဖြန့်​ဝေ​နေ

“ဟိုဘက်က အကြမ်းဖက်စစ်အုပ်စုက ​ကြောက်ပြီး ဖြန့်​နေတာ။ ပြည်သူ​တွေက သူတို့ထက် နားလည်တယ်။ အားလုံးလည်း အသံတိတ်သပိတ်မှာ ပါဝင်မယ်လို့ ယုံကြည်တယ်”ဟု ပြင်ဦးလွင်မြို့​နေ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ​ပြောသည်။

မနက်ဖြန် (ဒီဇင်ဘာ ၁၀ ရက်)တွင် ပြုလုပ်မည့် အသံတိတ်သပိတ် (Silent Strike)ပြုလုပ်ရန် ညွှန်ကြားထားခြင်းမရှိဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်စာအတု လူမှုကွန်ရက်၌ ဖြန့်ဝေ​နေသည်။

အဆိုပါ ထုတ်ပြန်စာအတုတွင် ဒီဇင်ဘာ ၁၀ရက်သည် အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းသည့် (သောကြာနေ့)ဖြစ်ပြီး ထိုနေ့ကို Silent Strike ပြုလုပ်ခြင်းသည် အခြားသော ဘာသာဝင်တို့အား စိတ်အနှောက်အယှက်ဖြစ်စေသဖြင့် ပုံမှန်အတိုင်းသွားလာရန် တိုက်တွန်းသည်ဟု ဆိုသည်။

“လူထုသပိတ်ကို ရသလောက် မအောင် ၊မမြင်ဖြစ်အောင်လုပ်တာ။ပြီးတော့ ဘာသာရေးမှိုင်းပါ ပါတယ်။ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ။ ကျွန်တော် အမဲသားရောင်းပါတယ်။မနက် (ဒီဇင်ဘာ ၁၀ ရက်မှာ) ဆိုင်ပိတ်ပါမယ်။ Silent Strike မှာပါ ဝင်မှာပါ”ဟု အင်းစိန်မြို့နယ် စျေးတစ်ခုမှ ကိုလှမျိုး(အမည်လွှဲ)က လူထုနွေဦးသို့ ပြောသည်။

“ဟိုဘက်က အကြမ်းဖက်စစ်အုပ်စုက ​ကြောက်ပြီး ဖြန့်​နေတာ။ ပြည်သူ​တွေက သူတို့ထက် နားလည်တယ်။ အားလုံးလည်း အသံတိတ်သပိတ်မှာ ပါဝင်မယ်လို့ ယုံကြည်တယ်”ဟု ပြင်ဦးလွင်မြို့​နေ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ် ပြုလုပ်မည့်ရက်ကို သီးခြားထုတ်ပြန်ပေးမည်ဟုလည်း ထုတ်ပြန်စာအတုတွင်ဖော်ပြသည်။

မြန်မာနိုင်ငံလုံးရှိ ပြည်သူများက မနက်ဖြန် (ဒီဇင်ဘာ ၁၀ ရက်)တွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိအပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြုလုပ်ရန် ပြည်သူအချင်းချင်း လှုံ့​ဆော်တိုက်တွန်း​နေကြသည်။

ထို့​ကြောင့် ရန်ကုန်မြို့ရှိ အချို့ဆိုင်မှာ မနက်ဖြန်တွင် ဆိုင်ပိတ်မည်ဟု ယ​နေ့(ဒီဇင်ဘာ၉) ကတည်းက အသိ​ပေး​ကြေညာ​နေသည်။

ဒီဇင်ဘာ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး“တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်” (Silent Strike)နှင့် “အနက်ရောင် လှုပ်ရှားမှု” (Black Campaign)များတွင် ပါဝင်ကြခြင်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။