Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် သမ္မတ အိမ်တော်ကို အစ္စရေး ဗုံးကြဲ တိုက်ခိုက်

အီရန် သမ္မတ အိမ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မတ် – ၃ ၊၂၀၂၆

အီရန် သမ္မတ အိမ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့က တဟီရန် မြို့တော်မှာရှိတဲ့ သမ္မတ အိမ်တော်၊ အမျိုးသား လုံခြုံရေး ကောင်စီ ဌာနချုပ်တို့လို နေရာတွေကို ခဲယမ်းမီးကျောက်တွေ အများအပြား အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း IDFက ပြောပါတယ်။

Telegramမှာ IDFက ထုတ်ပြန်ခဲ့ရာမှာတော့ အဲဒီ အဆောက်အအုံတွေသာ မကဘဲ အီရန် အစိုးရရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ တချို့လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး တိုက်လေယာဉ်တွေဟာ သမ္မတ အိမ်တော်သာ မကဘဲ အစိုးရ အိမ်တော်ဝင်းကြီး တစ်ခုလုံးထဲက တခြားအဆောက်အအုံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို စတင် တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကတည်းက အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီနဲ့ တခြား နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် တချို့ကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ခဲ့ပါတယ်။ ခါမေနီဟာ သူ့အိမ်တော်ထဲမှာ ရှိနေချိန်မှာပဲ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းကတော့ အန္တရာယ်ကင်းခဲ့ကြောင်း အီရန် အစိုးရနဲ့ သူ့ရဲ့သားက ကြေညာထားပါတယ်။ လက်ရှိမှာတော့ ပက်ဇက်ရှ်ခန်းရဲ့ တည်နေရာကို တိတိကျကျ မသိရသေးပါဘူး။

အမေရိကန်နဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တဟီရန်မှာ ပေါက်ကွဲမှု ကိုတွေ့ရပုံ

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။