Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် သမ္မတ အိမ်တော်ကို အစ္စရေး ဗုံးကြဲ တိုက်ခိုက်

အီရန် သမ္မတ အိမ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မတ် – ၃ ၊၂၀၂၆

အီရန် သမ္မတ အိမ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့က တဟီရန် မြို့တော်မှာရှိတဲ့ သမ္မတ အိမ်တော်၊ အမျိုးသား လုံခြုံရေး ကောင်စီ ဌာနချုပ်တို့လို နေရာတွေကို ခဲယမ်းမီးကျောက်တွေ အများအပြား အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း IDFက ပြောပါတယ်။

Telegramမှာ IDFက ထုတ်ပြန်ခဲ့ရာမှာတော့ အဲဒီ အဆောက်အအုံတွေသာ မကဘဲ အီရန် အစိုးရရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ တချို့လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး တိုက်လေယာဉ်တွေဟာ သမ္မတ အိမ်တော်သာ မကဘဲ အစိုးရ အိမ်တော်ဝင်းကြီး တစ်ခုလုံးထဲက တခြားအဆောက်အအုံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို စတင် တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကတည်းက အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီနဲ့ တခြား နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် တချို့ကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ခဲ့ပါတယ်။ ခါမေနီဟာ သူ့အိမ်တော်ထဲမှာ ရှိနေချိန်မှာပဲ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းကတော့ အန္တရာယ်ကင်းခဲ့ကြောင်း အီရန် အစိုးရနဲ့ သူ့ရဲ့သားက ကြေညာထားပါတယ်။ လက်ရှိမှာတော့ ပက်ဇက်ရှ်ခန်းရဲ့ တည်နေရာကို တိတိကျကျ မသိရသေးပါဘူး။

အမေရိကန်နဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တဟီရန်မှာ ပေါက်ကွဲမှု ကိုတွေ့ရပုံ

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။