Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ အလှူပွဲလှည့်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အလှူပွဲလှည့်လည်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေကာ နှစ်ဦး အရေးပေါ်ဆေးကုနေရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မတ်-၆၊၂၀၂၆၊မိုမို/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အလှူပွဲလှည့်လည်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေကာ နှစ်ဦး အရေးပေါ်ဆေးကုနေရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဥ်ဟာ မနေ့က(မတ်လ ၅ရက်) နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပြီး စွပ္ပနူးကျေးရွာမှာ အလှူပွဲလှည့်ရင်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“နှစ်ဦးကဖြစ်စဥ်နေရာမှာ သေတယ်။နောက်နှစ်ဦးက အခုကျိုက်ထိုဆေးရုံမှာ အရေးပေါ် အခြေ အနေ ဖြစ်နေတယ်။လက်ဖြတ်ရတာလည်းရှိတယ်။အကုန်လုံးက လူငယ်တွေပါပဲ”လို့ ကျိုက်ထို မြိို့ခံလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုဒ္ဓဘာသာထုံးထမ်းအရ အလှူရာသီဖြစ်ပေမယ့် ဆောင်းဘောက်သံတွေ ဆူညံအောင်မဖွင့်သင့်ဘဲ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်း မာရေးကို စာနာဖို့လည်း သူက တိုက်တွန်းပါတယ်။

မနေ့က စွပ္ပနူးကျေးရွာက သေမှုသေခင်းဖြစ်စဥ်အတွက် ကျိုက်ထိုမြို့နယ်ရဲစခန်းကို ဆက် သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

သတင်း

မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ သက်ကြီးအဘိုးအို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။