ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် (၅၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(ဒီဇင်ဘာ ၁၀)နံနက် ၆ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြောက်ရွံ့ခြင်းကင်းမဲ့သော လူငယ်များအဖွဲ့(F2Y) က ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိ စုံစမ်းဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သောနေရာများတွင် ပေါက်ကွဲမှုဖြစ်ပေါ်လာပါက ၎င်းနေရာများသို့ မသွားလာကြရန် F2Y က အသိပေးသည်။
ထို့အပြင် F2Y အဖွဲ့သည် ဓမ္မဘက်တော်သားများဖြစ်သည့်အလျောက် မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ဘယ်သောအခါမှ ထိခိုက်စေမည့်လုပ်ရက်များပြုလုပ်မည်မဟုတ်ဟု ၎င်းတို့က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအား အဓမ္မလိုက်လံဖမ်းဆီးရာတွင် သတင်းပေးနေသော အမျိုးယုတ်ဒလန်များအားလုံးသည်လည်း ၎င်းတို့၏ လုပ်ရပ်များကို မရပ်တန့်ပါက ၎င်းတို့၏အသက်နှင့် မိသားစုများ၏အသက်အား ပေးဆပ်ရလိမ့်မည်ဟု F2Y က ကြေညာထားသည်။

Public Service Announcement
ကြောက်ရွံ့ခြင်းကင်းမဲ့သော လူငယ်များအဖွဲ့(F2Y)သည် စစ်အာဏာရှင်အား တုန့်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယမန်နေ့(ဒီဇင်ဘာ ၉)ကလည်း မဂ်လာဒုံ၊ ပုလဲမြို့သစ် ပေါင်းကူဥာဏရပ်ကွက် အုက်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။


















































