Connect with us

Hi, what are you looking for?

News

တောင်ဒဂုံ (၅၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ကြောက်ရွံ့ခြင်းကင်းမဲ့သော လူငယ်များအဖွဲ့(F2Y)သည် စစ်အာဏာရှင်အား တုန့်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယမန်နေ့(ဒီဇင်ဘာ ၉)ကလည်း မဂ်လာဒုံ၊ ပုလဲမြို့သစ် ပေါင်းကူဥာဏရပ်ကွက် အုက်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် (၅၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(ဒီဇင်ဘာ ၁၀)နံနက် ၆ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြောက်ရွံ့ခြင်းကင်းမဲ့သော လူငယ်များအဖွဲ့(F2Y) က ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှု​ကြောင့် ထိခိုက်မှုရှိ၊မရှိ စုံစမ်းဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သောနေရာများတွင် ပေါက်ကွဲ​မှုဖြစ်ပေါ်လာပါက ၎င်းနေရာများသို့ မသွားလာကြရန် F2Y က အသိပေးသည်။

ထို့အ​ပြင် F2Y အဖွဲ့သည် ဓမ္မဘက်တော်သားများဖြစ်သည့်အလျောက် မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ဘယ်သောအခါမှ ထိခိုက်စေမည့်လုပ်ရက်များပြုလုပ်မည်မဟုတ်ဟု ၎င်းတို့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအား အဓမ္မလိုက်လံဖမ်းဆီးရာတွင် သတင်းပေးနေသော အမျိုးယုတ်ဒလန်များအားလုံးသည်လည်း ၎င်းတို့၏ လုပ်ရပ်များကို မရပ်တန့်ပါက ၎င်းတို့၏အသက်နှင့် မိသားစုများ၏အသက်အား ပေးဆပ်ရလိမ့်မည်ဟု F2Y က ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ကြောက်ရွံ့ခြင်းကင်းမဲ့သော လူငယ်များအဖွဲ့(F2Y)သည် စစ်အာဏာရှင်အား တုန့်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယမန်နေ့(ဒီဇင်ဘာ ၉)ကလည်း မဂ်လာဒုံ၊ ပုလဲမြို့သစ် ပေါင်းကူဥာဏရပ်ကွက် အုက်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။