မတ်-၉ ၊၂၀၂၆။ ရှိန်း/ People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရွာတွေကို တပ်စွဲထားတဲ့ စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၈ရက် မနေ့က မနက် ၁၁နာရီဝန်းကျင်မှာ စစ်တပ်ကဒရုန်းနဲ့ ၇ကြိမ် ဗုံးကြဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာထိပ်က အိမ်ကိုကျတဲ့ဟာက ပြည်သူတွေက ရှောင်လိုက်နိုင်တယ်။ဒါပေမယ့် ရှောင်ဖို့ပစ္စည်းတင်ထားတဲ့ ကား ပေါ်ချသွားတာ။နွားတွေလည်းထိတယ်။နောက်တအိမ်ကတော့ လူတွေပါထိတာ “လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
အမျိုးသား၁ဦးအပါအဝင်၃ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပြီး တိရစ္ဆာန် တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခဲ့တဲ့စစ်တပ်ဟာ မတ်လ၄ရက် နေ့က မတ္တရာမြို့နယ်ကတဆင့် စစ်ကြောင်းထိုးခဲ့တဲ့ တပ်ဖြစ်တယ်လို့သိရပါတယ်။အဲဒီတပ်ဟာ လက်ရှိမှာသဲအင်းနဲ့ ကျွန်းကြီးရွာတို့ကို တပ်စွဲထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Wetlet Informational Network


















































