Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့မှာ စစ်ရှောင်တွေနေတဲ့ နေရာဝန်းကျင်ကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မော်လူးမြို့က နန်းခွင်းကျင်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့ မတ်လ ၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

(မော်လူးမြို့က နန်းခွင်းကျင်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Indaw Revolution-IR)

မတ်-၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မော်လူးမြို့က နန်းခွင်းကျင်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့ မတ်လ ၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နန်းခွင်းကျင်ရွာဘုန်းကြီးကျောင်းဝင်းနဲ့ အနီးဝန်းကျင်ကို နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်မှာ

ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” နန်းခွင်းကျင်က တခြားမြို့က စစ်ရှောင်တွေ ရှိတဲ့နေရာပါဗျ။ အထိအခိုက်တွေရှ်ိတယ်ကြားတယ်။ သွားလို့မရလို့ ကျတော်တို့က မသိဘူး။ စစ်လည်း မဖြစ်ဘဲနဲ့ လာလာကြဲနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ရှောင်တစ်ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအုပ်တံတိုင်းနံရံတွေနဲ့ အဆောက်အဦအချို့ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးနဲ့ လုံခြုံရေးသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ Indaw Revolution-IRက ဖော်ပြထားပါတယ်။

မော်လူးမြို့ကို ၂၀၂၃နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်မှာပါဝင်ပြီး လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်းမြို့နယ်တွေထဲမှာ စစ်ရေးတင်းမာနေပါတယ်။

စစ်ကောင်စီက မော်လူးမြို့ကို ပစ်မှတ်ထားပြီး မကြာခဏဗုံးကြဲနေပါတယ်။

ဇန်နဝါရီ ၂၁ရက်မှာ မော်လူးမြို့နယ် မာန်ဟဲကျေးရွာကို ဗုံးကြဲလို့ ပြည်သူ ၅ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ရက်ကလည်း မော်လူးမြို့နယ် လေဘိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲလို့ မိသားစုတစ်စုက ၇ဦးအပါအဝင် ဒေသခံ ၈ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။