Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းက ပစ္စည်းတွေ လုယူသွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ တိုက်ပွဲပြင်းထန် နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

(စိတ်ဝေဒနာရှင်အမျိုးသမီးကို စစ်အုပ်စု မီးရှို့သတ်ဖြတ်ခဲ့တဲ့နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet Informational Network)

▪️စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို စစ်တပ်မီးရှို့သတ်ဖြတ်

မတ်-၁၁၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းက ပစ္စည်းတွေ လုယူသွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ တိုက်ပွဲပြင်းထန် နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သစ်ဆိမ့်ရွာကို တပ်စွဲထားတဲ့ စစ်တပ်ဟာ မတ်လ ၁၀ ရက် မနေ့က ငါးပတ်ချောင်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျေးရွာထဲမှာ စိတ်ဝေဒနာရှင် အသက် ၅၀ ကျော် အမျိုးသမီးဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ နွားတစ်ကောင်ယူကာ သစ်ဆိမ့်ရွာဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တောင်ဘက်ထွက်တဲ့ ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တော်လှန်ရေး အဖွဲ့တွေက ကာထားတယ်။ တောလမ်းကနေ ငါးပတ်ချောင်းရွာထဲကို ရောက်သွားတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ အဲဒီစစ်ကြောင်းကပဲ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ထပ်မံကြိုးစားလာတာမို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“ဟောင်ဝစ်ဆာတွေလည်းပစ်တယ်။ ဒရုန်းတွေလည်းချတယ်။ ဒီနေ့မနက်တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ်တဖက်ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ-၁၂‌ကလည်း လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူတွေပေးနေတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ သစ်ဆိမ့်ကို‌ ဖေဖော်ဝါရီ ၁၁ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ပြီး လက်ရှိအထိ တိုက်ပွဲဖြစ်ပွားတာ တစ်လရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။