Connect with us

Hi, what are you looking for?

သတင်း

ဝင်း၀စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်သူတွေနဲ့ တပ်ဖွဲ့တွေကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) ဂုဏ်ပြု

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

(ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MTD)

မတ် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

မြိတ်ထားဝယ် အမှတ်(၈) ကားလမ်းမှာ တပ်စွဲထားတဲ့ ဝင်း၀ စစ်ကောင်စီ တပ်စခန်းကို KNLA ပူးပေါင်းတပ်က မတ်လ ၁၁ရက် မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပါဝင်ပံ့ပိုးသူတွေကို မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ တပ်မဟာ(၄) တပ်မဟာမှူးတို့က ဒီကနေ့ မတ်လ ၁၃ရက်မှာ ဂုဏ်ပြု မှတ်တမ်းလွှာ ဖော်ပြ အသိအမှတ်ပြုခဲ့တာပါ။

“စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင် ၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုသည့် လူငယ် ရဲဘော်ရဲဘက်များ၏ ပေး ဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ မိမိတို့၏ စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် နည်းပညာအားဖြင့်ဖြစ်စေ၊ ဘဏ္ဍာငွေအားဖြင့်ဖြစ်စေ အဘက်ဘက်မှ ကူညီပံ့ပိုးသူများ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များ ဘေးရန်ကင်း ဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြ သည့် ပြည် သူများ အား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တွေရဲ့ အမည်တွေကိုလည်း အသိပေးထားရာ KNLA တပ်မဟာ ၄ တပ်ရင်း (၁၂), (၁၀) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ ၆ တပ်ရင်း (၂၇) ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ T5၊ T1၊ သရက်ချောင်း ပကဖ နဲ့ လောင်းလုံး ပကဖ တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝင်း၀ တပ်စခန်းဟာ အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲဟာလည်း တလကျော်ကြာမြင့်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဦးကျော်သေဆုံးကာ လက်နက် အလက် ၄၀ ကျော်သိမ်းရခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ထွက်ပြေးသွားလို့ လိုက်လံရှင်းလင်းမှုတွေ ပြုလုပ်နေကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။