Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ စစ်ရှောင်တစ်ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်ထောင်သွားတဲ့မိုင်းနင်းမိလို့ စစ်ရှောင်ပြည်သူတစ်ဦး ခြေထောက်ပြတ်သွားကြောင်း ပြည်သူ့ညီနောင် – စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စည်ဆွဲကျေးရွာအဝင်ဆိုင်းဘုတ်အား တွေ့ရစဥ်။ ဓါတ်ပုံ-ပြည်သူ့ညီနောင် - စလင်း

မတ်-၁၇၊ ၂၀၂၆။​​ဇေအောင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်ထောင်သွားတဲ့မိုင်းနင်းမိလို့ စစ်ရှောင်ပြည်သူတစ်ဦး ခြေထောက်ပြတ်သွားကြောင်း ပြည်သူ့ညီနောင် – စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ အထိုင်ချခဲ့တဲ့ ပခုက္ကူတပ်မ (၁၀၁)က စစ်ကြောင်းဟာ မတ်လ ၁၆ ရက် မနက်ပိုင်းက ကျေးရွာကနေ ပြန်ထွက်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားပြီးနောက် မနက် ၁၀ နာရီလောက်မှာ စည်ဆွဲကျေးရွာက အသက် ၄၀ အရွယ် ရွာခံ အမျိုးသားတစ်ဦးဟာ ရွာထဲပြန်ဝင်ချိန် စစ်တပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ ခြေထောက်တစ်ဖက်ပြတ်ကာ ကျန်တစ်ဖက်မှာလည်း ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ပြည်သူ့ညီနောင် – စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လက်ရှိ မကွေးဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ပြည်သူတွေကို လောလောဆယ်တော့ ဒေသခံကာကွယ်ရေးတပ်တွေက ရွာထဲကို အဝင်မခံသေးဘူး”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

တပ်မ (၁၀၁)က စစ်ကောင်စီတပ်ဟာ စည်ဆွဲကျေးရွာမှာ အင်အား ၁၀၀ကျော်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ တပ်ဆင်ပြီး ၃လကျော် အထိုင်ချတပ်ဆွဲခဲ့ကြောင်း၊ စည်ဆွဲကျေးရွာဘက်က ကပစ (၂၁)ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်နေလို့ ပြုပြင်ဖို့ အထိုင်ချခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စည်ဆွဲကျေးရွာက ပြည်သူတွေဟာ စစ်အုပ်စုအထိုင်ထားလို့ တစ်ရွာလုံး တိမ်းရှောင်နေရပြီး စစ်အုပ်စုထွက်သွားချိန် ရွာထဲပြန်ဝင်ဖို့ကြိုးစားရင်း မိုင်းအန္တရာယ်ကြုံတွေခဲ့ရတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လျှပ်စစ်မီးတိုင်တွေသာ စိုက်ခဲ့ပြီး မီးကြိုးတွေ မတပ်ဆင်ရသေးတာကြောင့် နောက်တစ်ကြိမ် ပြန်လာမှာကို ရွာခံပြည်သူတွေ စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စည်ဆွဲကျေးရွာထဲ အထိုင်ချခဲ့တဲ့ကာလအတွင်း ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းတွေယူဆောင်တာ၊ ကြက်၊ဝက်တွေ ဖမ်းဆီးစားသောက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရပ်ရွာအတွင်းရှိ လျှပ်စစ်မီးကြိုးတွေကိုပါ ဖြတ်တောက်ပစ်ခဲ့တယ်လို့ ပြည်သူ့ညီနောင် – စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း စည်ဆွဲကျေးရွာမှ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ သန်းကုန်းကျေးရွာကနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။