Connect with us

Hi, what are you looking for?

သတင်း

ကန်နီရွာက ပျူစောထီးတွေကို PDF တပ်ရင်းနဲ့အညာမြေတပ်ပေါင်းစု တိုက်ခိုက်

​မကွေးတိုင်း၊ မြိုင်မြို့နယ်က ကန်နီကျေးရွာက ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

မတ်-၂၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ မြိုင်မြို့နယ်က ကန်နီကျေးရွာက ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

မနေ့က မတ်လ ၂၂ ရက် မနက်ပိုင်းက ကန်နီရွာကထွက်လာတဲ့ အင်အား ၂၀ခန့်ရှိတဲ့ ပျူစောထီးအဖွဲ့ကို အညာမြေတပ်ပေါင်းစုက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၁နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ပျူစောထီး သုံးဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့နေရာက သူတို့ကန်နီပျူရွာနဲ့ နီးပါတယ်။ ရွာဝန်းကျင်ပါပဲ။ တိုက်ခိုက်ခံရပြီးတော့ သူတို့ရွာထဲ ပြန်ဝင်သွားတယ်”လို့ အညာမြေတပ်ပေါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၆)တပ်ရင်းက ဦးဆောင်ပြီး၊ အမှတ် (၂၊ ၇)တပ်ရင်းနဲ့ အညာမြေတပ်ပေါင်းစု (Drone Team)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကန်နီပျူစောထီးရွာက ပျူစခန်းဟာ အနီးနားရှိ ကျေးရွာသားများနဲ့ ဆိတ်ကျောင်း၊ နွားကျောင်းသူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

လက်ရှိမှာ မြိုင်မြို့နယ်အတွင်းက ကန်နီ၊ သရက်ကန်နဲ့ တွင်းမစတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာသာ ကျန်ရှိပြီး ဝက်ပုတ်၊သရက်ကွ၊ကိုင်းတောမ နယ်မြေရဲစခန်းနဲ့ Well 2ရေနံမြေရဲစခန်းတွေကိုတော့ တော်လှန်ရေးအင်အားစုများက ၂၀၂၄ ကတည်းက သိမ်းပိုက်စိုးမိုးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။