Connect with us

Hi, what are you looking for?

သတင်း

AAကစစ်သုံ့ပန်းမိသားစုဝင်၁၅၂ ဦးကိုပြန်လွှတ်ပေး

အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ‌ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။

စစ်သုံ့ပန်း​တွေကို တတိယအကြိမ်လွတ်ငြိမ်းခွင့်ပြုတဲ့အခမ်းအနားကို မတ်၁၀ ရက်ကပြုလုပ်စဥ်။ ဓါတ်ပုံ-APM

မတ်-၂၉၊ ၂၀၂၆။​ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ‌ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။

မင်းပြားမြို့ကို သိမ်းယူခဲ့တဲ့တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့သုံ့ပန်းတွေထဲကမိသားစုဝင်တွေကို မတ်လ ၁၀ ရက်မှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။တတိယအကြိမ်လွတ်ငြိမ်းခွင့်​ပေးတာလို့ ​ဖော်ပြထားပါတယ်။

“ရခိုင်မှာက မြို့သိမ်းတိုက်ပွဲ ဆက်ရှိနေပါတယ်။ စစ်တွေနဲ့ ကျောက်ဖြူမှာ။ တစ်ဖက်မှာက သုံ့ပန်းတွေကို ပြန်လွှတ်နေတာ။ နိုင်ငံတကာသံတမန်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအရလို့ ထင်တယ်”လို့ ရခိုင်စစ်​ရေး ၊နိုင်ငံရေးလေ့လာသူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြန်လွှတ်လိုက်တဲ့အထဲမှာကလေးငယ်တွေနဲ့အမျိုးသမီးတွေအများစုပါဝင်တာကို ဒေသအခြေစိုက်သတင်းဌာနဖြစ်တဲ့ Arkan Princess Midea က မတ်လ၂၉ရက်နေ့မှာ သတင်းဓာတ်ပုံတွေ​ဖော်ပြပါတယ်။ကလေးငယ် ၅၄ ဦး၊ အမျိုးသမီး ၅၄ ဦးနဲ့ အမျိုးသား ၄၄ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မတ်လ ၁၀ရက်နေ့ကသုံ့ပန်းတွေပြန်လွှတ်တဲ့သတင်းကို AAက ထုတ်ပြန်မထားပေမယ့် မတ်လ ၁၄ရက်နေ့က သုံ့ပန်းအချို့ပြန်လွှတ်တဲ့သတင်းကိုတော့ မတ်လ၂၀ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

AAက ၂၀၂၃ နိုဝင်ဘာလ၁၃ရက်နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်

စီအရာရှိတချို့အပါအဝင်ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးထားပါတယ်။ စစ်သုံ့ပန်းတွေထားတဲ့နေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လေ့ရှိပါတယ်။

ဇန်နဝါရီလ(၂၀) ရက်က ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက်နေရာအချို့မှာစစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကိုထားစဉ် စစ်ကောင်စီကညမှာ ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲလို့၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မောင်တောမြို့ နယ်ခြားစောင့်တပ်ရင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။၂၀၂၅ ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိတဲ့နေရာကို ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AAကထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ရက်က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံပန်းတွေထားတဲ့ မောင်တောမြို့ရဲတပ်ရင်း နခခ(၂)ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ သုံ့ပန်း ၅၀ကျော်သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုးရွားဆုံးတိုက်ခိုက်မှုကတော့အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီကမတ်လ (၈) ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုမှာ စစ်ဘက်အရာရှိအများအပြားအပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရသလို အရပ်ဖက်သုံ့ပန်းတချို့လည်း ထိခိုက်သေဆုံးတယ်လို့AAက ဒီထုတ်ပြန်ထားပါတယ်။

AAထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေထဲမှာ စစ်ကောင်စီထိပ်တန်းအရာရှိတွေလည်းပါဝင်ပါတယ်။၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေမှာ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊မောင်တောမြို့သိမ်း တိုက်ပွဲမှာ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အမ်းမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုဖမ်းမိခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကို ပစ်မှတ်ထာပြီး ဗုံးကြဲနေတဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကိုဗိုလ်မှူးချုပ်သောင်းထွန်းနဲဲ့ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကဝေဖန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။