ဧပြီ-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
သံတွဲမြို့ နဲ့ ငပလီကမ်းခြေကို စစ်တပ်ကဒီနေ့ နေ့ခင်း ၁၂ နာရီခန့်စပြီး ဂျက်ဖိုက်တာ ၊Y-12 လေယာဥ်တွေနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အရပ်သားတွေကို ကြဲတာ။အထိအခိုက်နည်းပါစေပဲဆုတောင်းနေရပါတယ်” လို့ သံတွဲမြို့ကနေ စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက နေ့ခင်း ၁၂ နာရီခန့်ကနေ ၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ လေးစီး၊ Y12 တစ်စီးနဲ့ ဈေးအပါအဝင် မြို့ထဲနေရာတွေကိုဗုံးပတ်ကြဲသွားလို့ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ ရခိုင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

Public Service Announcement
ဒီတိုက်ခိုက်မှုဟာ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းအင်အားသုံး ဗုံးကြဲတဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းယူထားတဲ့ သံတွဲနဲ့ငပလီမြို့ကို ၂၀၂၅ ဒီဇင်ဘာလ၂၉ရက်နေ့ညမှာ စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ဖူးပါတယ်။ ဒီနေ့ တိုက်ခိုက်မှုမှာ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။


















































