Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကသံတွဲမြို့ နဲ့ ငပလီကမ်းခြေကိုဗုံးကြဲ

သံတွဲမြို့ နဲ့ ငပလီကမ်းခြေကို စစ်တပ်ကဒီနေ့ နေ့ခင်း ၁၂ နာရီခန့်စပြီး ဂျက်ဖိုက်တာ ၊Y-12 ​လေယာဥ်​​တွေနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်​ရဲ့အခမ်းအနားတစ်ခုမှာ ​လေ့ကျင့်ပျံသန်း​နေတဲ့ စစ်တပ်တိုက်​လေယာဥ် ၂စီး။ဓါတ်ပုံ-AFP

ဧပြီ-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

သံတွဲမြို့ နဲ့ ငပလီကမ်းခြေကို စစ်တပ်ကဒီနေ့ နေ့ခင်း ၁၂ နာရီခန့်စပြီး ဂျက်ဖိုက်တာ ၊Y-12 ​လေယာဥ်​​တွေနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အရပ်သားတွေကို ကြဲတာ။အထိအခိုက်နည်းပါစေပဲဆုတောင်းနေရပါတယ်” လို့ သံတွဲမြို့ကနေ စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေ့ခင်း ၁၂ နာရီခန့်ကနေ ၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ​လေးစီး၊ Y12 တစ်စီးနဲ့ ဈေးအပါအဝင် မြို့ထဲနေရာတွေကိုဗုံးပတ်ကြဲသွားလို့ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ ရခိုင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီတိုက်ခိုက်မှုဟာ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းအင်အားသုံး ဗုံးကြဲတဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA) သိမ်းယူထားတဲ့ သံတွဲနဲ့ငပလီမြို့ကို ၂၀၂၅ ဒီဇင်ဘာလ၂၉ရက်နေ့ညမှာ စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ဖူးပါတယ်။ ဒီနေ့ တိုက်ခိုက်မှုမှာ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ဒီဇင်ဘာလ၂၉ရက်နေ့ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ကိုးဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့တဲ့သံတွဲမြို့ကို ဒီကနေ့ညမှာ အာဏာသိမ်းစစ်ကထပ်မံဗုံးကြဲသွားပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စက်တင်ဘာလ၂၇ရက်နေ့မှာ စစ်ကောင်စီကဗုံးကြဲလို့ မိသားစုတစ်စုတည်းက အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိသွားပါတယ်။