Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲပြင်းထန်နေ၊စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးမြို့ထဲကိုကျရောက်ပေါက်ကွဲ

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဧပြီ-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဧပြီလ၂ ရက်မနက် ၁ နာရီခန့်ကတည်းကလက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး မနက်၅နာရီခန့်မှာတော့ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ဖားပြင်၊ယူမာကျေး၀ရွာနဲ့ မရှိကထောင်ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“တိုက်ပွဲကတော်တော်ကိုပြင်းထန်နေတဲ့အနေအထားကြားနေရတယ်။မြို့ထဲကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်နေလို့ ပေါက်ကွဲမှုတွေရှိနေတယ်။ ရုတ်တရက်ကြီးဖြစ်တာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး”လို့ ဖားပြင်ကျေးရွာဘက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေချိန်မှာဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ စစ်တပ်ကရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ထိခိုက်မှုအခြေအနေကိုအသေးစိတ်မသိရသေးပါဘူး။

လတ်တလော စစ်ရေးအခြေအနေအရ လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မှာ မတ်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်နေတာဖြစ်ပါတယ်။

မတ်လ ၄ရက်နေ့က တိုက်ပွဲမှာ စစ်တပ်ဗျူဟာကုန်းကနေပစ်ခတ်တဲ့လက်နက်ကြီးက ကလပ်ကုန်းလမ်းကြားထဲကကို ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၃ရက်မနက်ပိုင်းကလည်း စစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကိုKIA၊KPDF ကဖေဖော်

ဝါရီလ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။စစ်တပ်က ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဧပြီ ၂ ရက်မနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။