Connect with us

Hi, what are you looking for?

News

ဖရူဆိုအ​ခြေစိုက် ခမရ(၄၂၈)တပ်ကို KAနှင့် KNDFတို့ တိုက်ခိုက်၊ စစ်​ကောင်စီတပ်သား သုံးဦး​သေ ငါးဦးဒဏ်ရာရ

“အရင်တုန်းက အဲဒီတပ်ကို မတိုက်ဖူးပါဘူး။ တိုက်ပွဲဖြစ်စဉ်ကတော့ ရှေ့တန်းရဲ့ပေးပို့ချက်အရ ထုတ်ပြန်ထားတဲ့အတိုင်းလောက်ပါပဲ”ဟု KNDF ဖရူဆိုဇုန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကရင်နီ(ကယားပြည်နယ်) ဖရူဆိုမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၄၂၈) တပ်ကို ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေ၊ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် ည ၁၀နာရီခွဲခန့်က ခမရ(၄၂၈)တပ်ကို တိုက်ခိုက်ရာတွင် တောင်ပေါ်တစ်နေရာနှင့် မြို့ဘေးတစ်နေရာမှ တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အကြမ်းဖက်စစ်တပ်ကို ကြိုပြီး တိုက်တာပေါ့။တခြား စစ်ဗျူဟာ အခင်းအကျင်းကျတော့ ပြောလို့မရသေးဘူးဗျ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“အရင်တုန်းက အဲဒီတပ်ကို မတိုက်ဖူးပါဘူး။ တိုက်ပွဲဖြစ်စဉ်ကတော့ ရှေ့တန်းရဲ့ပေးပို့ချက်အရ ထုတ်ပြန်ထားတဲ့အတိုင်းလောက်ပါပဲ”ဟု KNDF ဖရူဆိုဇုန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းကလည်း ဖရူဆို မြို့မရဲစခန်းကိုလည်း KNDF နှင့် KA ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။အဆိုပါဖြစ်စဥ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို KNDF က အတည်မပြုနိုင်သေးပေ။

တိုက်ပွဲ ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။

မေလက စတင်ခဲ့သောကရင်နီ(ကယားပြည်နယ်) အတွင်း ဒီးမော့ဆို၊ လွိုင်ကော်တို့တွင်သာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲအများဆုံးရှိခဲ့သည်။

(KNDF /B-09တပ်သားများကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။