Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

ဧပြီ-၅၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့စစ်ကြောင်းတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

“မိတ္ထီလာတပ်တွေ ပါတယ်။အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်။တိုက်ပွဲကပြင်းထန်နေတယ်။မနေ့က သူတို့တော်တော် အထိနာသွားတယ်။အခုချိန်ထိလည်း ကြားထဲ တိုက်နေရတုန်းပဲ”လို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နတ်မောက်မြို့နယ်ရဲ့အရှေ့ခြမ်းက ကျောက်မိုးနဲ့ လျော်ချောင်းကျေးရွာကြား တောင်တန်းမှာရှိတဲ့ ကာကွယ်ရေးစခန်းတစ်ခုကို စီးနင်းဖို့ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ သူက ပြောပါတယ်။

“တိုက်ပွဲက ရှည်နိုင်တယ်။စစ်ကြောင်းက တအားကိုထိုးနေတာ”လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့က ကိုအောင်ဒင်က ပြောပါတယ်။

ကပစ(၁၇)ကထွက်လာတဲ့ စစ်ကြောင်းကို မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ ဧပြီ ၁ ရက်က တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖက ဒီကနေ့ဧပြီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ လက်ဦးရယူမှုတွေကြောင့် စစ်တပ်က ထိခိုက်သေဆုံးသူ ၁၅ ဦးဝန်းကျင်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။စစ်တပ်က သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခုခံစစ်အခြေအနေကြောင့် ကျေးရွာတွေအနီးမှာထိတွေ့တိုက်ပွဲငယ်တွေ ဆက်ဖြစ်ပွားနေတယ်လို့ နတ်မောက် ပကဖက အသိပေးပါတယ်။

လက်ရှိ စစ်ဆင်ရေးကာလမှာ မိုင်း၊လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ဂရုတစိုက်ရှိကြဖို့လည်း ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

အခုနှစ်ဆန်းပိုင်းက နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

(နတ်မောက်ဂဠုန်တပ်ဖွဲ့က ရဲဘော်တွေ တိုက်ပွဲတခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − Screengrab

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာ‌တွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြု့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သား ၁ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။