Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချမ်းသာတဲ့ နိုင်ငံခြားသားတွေကို ဓားပြတိုက်ခဲ့တဲ့ ရဲအရာရှိ အပါအဝင် ၆ ဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဓားပြတိုက်မှုတွေအတွက် ရဲအရာရှိ တစ်ဦးအပါအဝင် လူ ၆ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။v

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဓားပြတိုက်မှုတွေအတွက် ရဲအရာရှိ တစ်ဦးအပါအဝင် လူ ၆ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားခဲ့တဲ့ ဓားပြမှု ၃ ခုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရပြီး ရင်းဂစ် ၄.၄ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁.၁ သန်းလောက်ကို လုယက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

ရဲအရာရှိ ဖြစ်သူကတော့ ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းတုန်းက စုံစမ်းစစ်ဆေးရေး ကိစ္စတစ်ခုအတွက် လိုအပ်တာမျိုး ဟန်ဆောင်ပြီး ပစ်မှတ်တွေရဲ့ နေအိမ်တွေထဲ ဓားပြတွေ ဝင်ရောက်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ ကွာလာလမ်ပူမြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ဖာဒီလ် မာဆူစ်က ပြောကြားခဲ့ပါတယ်။

ဓားပြဂိုဏ်းဟာ ကီပေါင်မှာ ရှိနေတဲ့ နေအိမ်အသီးသီးဆီကနေ Toyota Alphard၊ Rolls-Royceနဲ့ Bentley ကားတစ်စီးစီကိုလည်း လုယက်ယူဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ရင်းဂစ်ငွေ ၂၄၂၀၀ နဲ့အမေရိကန်ဒေါ်လာ ၁၂၀၀ တို့အပြင် ရွှေချောင်းတွေနဲ့ လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ မီးခံသေတ္တာ တစ်လုံးကိုပါ သယ်ဆောင်သွားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံခဲ့ရသူတွေက တရုတ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး အသက် ၂၉ နှစ်နဲ့ ၅၂ နှစ်ကြား အရွယ်တွေလို့ ဆိုပါတယ်။ ဓားပြတွေဟာ ပစ္စတို သေနတ်နဲ့ ခြိမ်းခြောက်ပြီး လုယက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲအရာရှိဟာ အရင်က မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ မှုခင်းတစ်ခုကြောင့် ရာထူးကနေ ဆိုင်းငံ့ခံထားရသူလို့ ဆိုပါတယ်။ နောက်ထပ် သံသယ တရားခံ နှစ်ဦးကတော့ သက်တော်စောင့်အဖြစ် အလုပ်လုပ်နေကြပြီး ဓားပြမှုအတွက် လိုအပ်တဲ့ လက်နက်ကိုလည်း သူတို့ပဲ ထောက်ပံ့ပေးခဲ့တယ်လို့ ဖာဒီလ်က သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ သံသယ တရားခံတွေထဲက ၃ ဦးကို အဲဒီနေ့ ညပိုင်းမှာတင် ဖမ်းမိခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအရ ၃ ဦးထပ်ပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ဦးဟာ ဆေးစစ်ရလဒ်အရ မူးယစ်ဆေး သုံးစွဲထားကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ ၆ ဦးစလုံးကို ရမန်ယူ ချုပ်နှောင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ သူတို့ဟာ လက်နက်ကိုင် ဓားပြမှု၊ အပြင်းအထန် နာကျင်စေလောက်တဲ့ အင်အားသုံးမှု အပါအဝင် စွပ်စွဲချက် တချို့ကို ရင်ဆိုင်ထားရပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်နှစ် ၂၀ လောက်ထိ ချမှတ်ခံရဖွယ် ရှိနေကြောင်း သိရပါတယ်။

ကိုးကား: CNA

ဓာတ်ပုံ – KL Polis

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook