Connect with us

Hi, what are you looking for?

သတင်း

AAတပ်ဖွဲ့ မွေးနေ့ MNDAAနဲ့ TNLA ပူးတွဲသဝဏ်လွှာပို့၊ မဟာမိတ်ပီပီ ချစ်ကြည်မှု မပျက် အချင်းချင်း ဖေးမ မယ်လို့ဖော်ပြ

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဧပြီ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLAနဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဖော်ဆောင်ပြီး မြို့သိမ်း တိုက်ပွဲတွေ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ ကွတ်ခိုင်မြို့မှာ နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုနှစ် မတ်လ ၁၄ရက်မှာ TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်ကို MNDAAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ထိုးစစ်ရက်ပိုင်းအတွင်း TNLA တပ်စခန်းတွေကို MNDAAက သိမ်းပိုက်ကာ ကွတ်ခိုင်မြို့ကိုထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့ AA ထံ ကိုးကန့်နဲ့ တအာင်းတပ် နှစ်ဖွဲ့ ပူးတွဲ ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာမှာတော့ “ရည်မှန်းချက်တူလျှင် မဟာမိတ်တည်” ဆိုသကဲ့သို့ ညီအစ်ကိုအရင်းပမာ တော်လှန်တိုက်ပွဲများစွာကို အတူဆင်နွှဲခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“အနာဂတ်တွင်လည်းမိမိတို့သည် ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ အချင်းချင်းဖေးမတွဲကူ၍ တော်လှန်ရေးမျှော်မှန်းချက်ရောက်ရှိသည်အထိ အတူတကွကြိုးပမ်းသွားကြမည်ဖြစ် ကြောင်း ကတိသစ္စာပြု အပ်ပါသည်။” လို့လည်း ကိုးကန့်နဲ့ တအာင်းတပ် တို့ရဲ့ ပူးတွဲဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ဧပြီ ၁၀ရက်ဟာ အာရက္ခတပ်တော်တည်ထောင်ခြင်း (၁၇) နှစ်ပြည့် ဖြစ်ပြီး အခြားသော မဟာမိတ် လက်နက်ကိုင်တပ်တွေကလည်း ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။

တော်လှန်ရေးတိုက်ပွဲတွေမှာ အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ရက္ခိုင့်အာဇာနည်များနဲ့ ရက္ခိုင့်သူရဲကောင်းများကို လေးစားတန်ဖိုးထားကာ ဂုဏ်ပြုဦးညွှတ်အလေးပြုကြောင်း ကိုးကန့်နဲ့ တအာင်းတပ်တို့ရဲ့ ပူးတွဲသဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အဘက်ဘက်မှ နိုင်ငံရေး၊ စစ်ရေးဖိအားများကို ရင်ဆိုင်ကျော်လွှားကာ ရက္ခိုင်ပြည်သူများအားလုံး အတွက်သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အခက်အခဲစိန်ခေါ်မှုကြားကပင် ကျားကုတ်ကျားခဲ ကူညီဖြည့်ဆည်းပေးနိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်စွာ တွေ့မြင်နေရကြောင်း ဖော်ပြထားပါတယ်။

တော်လှန်ပြည်သူများနဲ့ တသားတည်း ရပ်တည်ပြီး လူထုတော်လှန်ရေးအတွက် ပံ့ပိုးကူညီမှုတွေနဲ့ လမ်းညွှန်မှု များအတွက် ကြိုးပမ်းမှုတို့ဟာ အာရက္ခတပ်တော်ရဲ့ ချီးကျူးလေးစားဖွယ်ကောင်းတဲ့ တော်လှန်ရေးနှလုံးရည်နဲ့ မဟာမိတ်အပေါ်ထားရှိတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်ကို ပေါ်လွင်စွာ ထင်ဟပ်နေကြောင်းလည်း ကိုးကန့်နဲ့ တအာင်းတပ်တို့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

Facebook