Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ပြည်သူတွေ သတ်ဖြတ်နှိပ်စက်နေ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

ဧပြီ−၁၀၊၂၀၂၆/ရှိန်း/People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

ဒီရုပ်သံဖိုင်ကို မြင်းခြံခရိုင် တပ်ရင်း၄-၁၀ ရဲ့တပ်ရင်းမှူးက ထုတ်ပြန်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တ‌စ်ဦးရဲ့ ဖုန်းထဲက မှတ်တမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးက ဘာကြောင့်လုပ် နေရသလဲဆိုတဲ့အခြေအနေ တွေကို ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ရဲဘော်တွေအကုန်လုံးသိ အောင်ချပြခြင်းဖြစ်တယ်”လို့ တပ်ရင်းမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံဖိုင်မှာတော့ စစ်‌‌သားတွေက ပြည်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကာ ခြေထောက်နဲ့ လက်တွေကို ကြိုးတုပ်ပြီး ကြိုးတုပ်ရက် ‌‌သွားခိုင်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ” ခုန်ဆွ၊ခုန်ဆွသရဲ တွေ။ဒီညဂန်းသံကြားရင် ကျန်တဲ့ ကောင်တွေ သေမှာပဲ။ တချက်ကြားရင် တယောက်ရှောမယ်”စတဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက် ပြောဆိုပါတယ်။

အဲဒီရဲကွန်မန်ဒိုစစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ်က မြဝတီနဲ့ တော်ဝေးကျေးရွာက အမျိုးသမီး ၄ဦးကို အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာတွေကို မီး လောင်ဗုံးကြဲ မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ် နဘူးအိုင်ရွာက နေအိမ်တွေက ပစ္စည်းတွေသယ်ကာ ကျေးရွာကို မီးရှို့ခဲ့သလို ဖက်ပင်အိုင်ကျေးရွာကို ဧပြီ ၅ ရက်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၈ ဦးကို သတ်ဖြတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိလည်း စစ်တပ်က မြင်းခြံမြို့နယ်က ဇီးပင်ကန်ရွာ၊ကျောက်ကန်ရွာနဲ့ သစ်ရုံရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ကာစစ်ကြောင်းထပ်ထိုး နေတယ်လို့ သိရပါတယ်။

(နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Screengrab) 

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။