Connect with us

Hi, what are you looking for?

သတင်း

ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ-၁၁၊ ၂၀၂၆။ ဇော်ရမ်း၊ဖိုးသား/People’s Spring

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအင်အား ၃၀ကျော်နဲ့တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီ ၁၀ရက် မနေ့ မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲက ၂နာရီခွဲခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိခဲ့တယ်လို့ CDF – Asho ကထုတ်ပြန်ထားပါတယ်။ MA – 1တစ်လက်၊ ကာဘိုင်နှစ်လက်နဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ က ၅ နာရီဝန်းကျင်မှာစပြီးတော့ ၇ နာရီ မိနစ် ၂၀ ကျော်လောက်မှာပဲ စေတုတ္တရာမှာရှိတဲ့ ကပစ ၂၀ ကနေ စစ်ကူသံချပ်ကာကားလာတယ်။၇ နာရီခွဲလောက်မှာ ကျွန်တော်တို့ ပြန်ဆုတ်ခွာရတယ်။အဲဒီ နှစ်နာရီခွဲအတောအတွင်းမှာ တိုက်ခိုက်ပြီး နေရာတစ်စိတ်တပိုင်းကို ထိန်းချုပ်နိုင်ခဲ့တယ်”လို့ ချင်းကာကွယ်ရေးတပ် အရှို တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

CDF – Ashoနဲ့အတူ လူ့ဘောင်သစ်တပ်မတော်(NSA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA – Magway)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝဦးသေဆုံးတယ်လို့ CDF-Ashoက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကိုလည်း

အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF_Ashoလည်း ပါဝင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပါတယ်။

ငဖဲမြို့နယ် နဲ့ ထိစပ်နေတဲ့ စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာ ကွယ်ရေးလက်နက်တွေထုတ်တဲ့(ကပစ ၂၀)စက်ရုံအခြေစိုက်ထားပါတယ်။ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီး အင်အား (၄၀၀)ဝန်း

ကျင်ရှိတယ်လို့သိရပါတယ်။

(စီးနင်းတိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့။ ဓာတ်ပုံ – CDF-Asho)

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။