Connect with us

Hi, what are you looking for?

News

ရဲများ CDM ပြုလုပ်လျှင် ​ထောင် အနှစ် ၂၀ချမည်ဟုစစ်​ကောင်စီခြိမ်း​ခြောက်ထား

စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များအား နေစဥ်သတင်းများ သိခွင့်မပေးဘဲ ထိန်းချုပ်ထားသည်ဟုလည်း​ပြောသည်။ ကြည်မြင်တိုင်တွင် ဒီဇင်ဘာ၅ရက်ကဆန္ဒထုတ်ဖော်နေသည့်လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်ခဲ့သည့် ဖြစ်စဥ်ကိုပင်မသိရသေးဟု ​ရဲတပွသားလွင်မိုးထွန်းကဖြေထားသည်။

ရဲတပ်ဖွဲ့ဝင်များက အကြမ်းမဖက်အာဏာဖိဆန်မှု- CDM ပြုလုပ်ပါက ထောင်ဒဏ် နှစ်၂၀ ချမှတ်မည်ဟု အာဏာသိမ်းစစ်​ကောင်စီကခြိမ်းခြောက်ထားသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိမ်းသိမ်းထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ​ဖြောင့်ချက်ပေးသည်။

ပုလဲမြို့နယ် ကမ်းဒေါင့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး အဆိုပါရဲအား စစ်ဆေးမေးမြန်းစဥ် အထက်ပါအတိုင်းဖြောင့်ချက်ပေးခြင်း ဖြစ်သည်။ဖမ်းမိထားသည့်ရဲတပ်ဖွဲ့ဝင်မှာ ရဲတပ်သားလွင်မိုးထွန်းဖြစ်ပြီး ကိုယ်ပိုင်အမှတ် လ/၂၇၅၆၀၂ ဖြစ်သည်။ လက်နက်နှင့် ယူနီဖောင်းများ ထားခဲ့ကာ စခန်းကို စွန့်ခွာလာခဲ့စဥ်ပုလဲပြည်သူ့ကာကွယ်ရေးတပ်များက စစ်သုံပန်းများကိုထိမ်းသိမ်းခဲ့ခြင်းလုပ်ထုံးလုပ်နည်းနှင့်အညီထိန်းသိမ်းထားသည်။

ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုအား ရက်ရက်စက်စက်နှိမ့်နင်းနေသည်ကို သိရှိခဲ့သလားနှင့် ဘာကြောင့် CDM မလုပ်ခဲ့သလဲဟူသော မေးခွန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေးစဥ် ” သူတို့(ရဲတပ်ဖွဲ့)က ချုပ်ထားတယ်ဗျ။ ကျွန်တော်တို့ CDM လုပ်တယ်ဆိုလို့ရှိရင် ထောက်နှစ်၂၀ ချမယ်ဆိုပြီးတော့” ဟု ​ပြောသည်။

စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များအား နေစဥ်သတင်းများ သိခွင့်မပေးဘဲ ထိန်းချုပ်ထားသည်ဟုလည်း​ပြောသည်။ ကြည်မြင်တိုင်တွင် ဒီဇင်ဘာ၅ရက်ကဆန္ဒထုတ်ဖော်နေသည့်လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်ခဲ့သည့် ဖြစ်စဥ်ကိုပင်မသိရသေးဟု ​ရဲတပွသားလွင်မိုးထွန်းကဖြေထားသည်။

Public Service Announcement

Public Service Announcement

လွင်မိုးထွန်းကို သုံ့ဖမ်းထိန်းသိမ်းရေး စည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။