Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဲများ CDM ပြုလုပ်လျှင် ​ထောင် အနှစ် ၂၀ချမည်ဟုစစ်​ကောင်စီခြိမ်း​ခြောက်ထား

စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များအား နေစဥ်သတင်းများ သိခွင့်မပေးဘဲ ထိန်းချုပ်ထားသည်ဟုလည်း​ပြောသည်။ ကြည်မြင်တိုင်တွင် ဒီဇင်ဘာ၅ရက်ကဆန္ဒထုတ်ဖော်နေသည့်လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်ခဲ့သည့် ဖြစ်စဥ်ကိုပင်မသိရသေးဟု ​ရဲတပွသားလွင်မိုးထွန်းကဖြေထားသည်။

ရဲတပ်ဖွဲ့ဝင်များက အကြမ်းမဖက်အာဏာဖိဆန်မှု- CDM ပြုလုပ်ပါက ထောင်ဒဏ် နှစ်၂၀ ချမှတ်မည်ဟု အာဏာသိမ်းစစ်​ကောင်စီကခြိမ်းခြောက်ထားသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိမ်းသိမ်းထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ​ဖြောင့်ချက်ပေးသည်။

ပုလဲမြို့နယ် ကမ်းဒေါင့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး အဆိုပါရဲအား စစ်ဆေးမေးမြန်းစဥ် အထက်ပါအတိုင်းဖြောင့်ချက်ပေးခြင်း ဖြစ်သည်။ဖမ်းမိထားသည့်ရဲတပ်ဖွဲ့ဝင်မှာ ရဲတပ်သားလွင်မိုးထွန်းဖြစ်ပြီး ကိုယ်ပိုင်အမှတ် လ/၂၇၅၆၀၂ ဖြစ်သည်။ လက်နက်နှင့် ယူနီဖောင်းများ ထားခဲ့ကာ စခန်းကို စွန့်ခွာလာခဲ့စဥ်ပုလဲပြည်သူ့ကာကွယ်ရေးတပ်များက စစ်သုံပန်းများကိုထိမ်းသိမ်းခဲ့ခြင်းလုပ်ထုံးလုပ်နည်းနှင့်အညီထိန်းသိမ်းထားသည်။

ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုအား ရက်ရက်စက်စက်နှိမ့်နင်းနေသည်ကို သိရှိခဲ့သလားနှင့် ဘာကြောင့် CDM မလုပ်ခဲ့သလဲဟူသော မေးခွန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေးစဥ် ” သူတို့(ရဲတပ်ဖွဲ့)က ချုပ်ထားတယ်ဗျ။ ကျွန်တော်တို့ CDM လုပ်တယ်ဆိုလို့ရှိရင် ထောက်နှစ်၂၀ ချမယ်ဆိုပြီးတော့” ဟု ​ပြောသည်။

စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များအား နေစဥ်သတင်းများ သိခွင့်မပေးဘဲ ထိန်းချုပ်ထားသည်ဟုလည်း​ပြောသည်။ ကြည်မြင်တိုင်တွင် ဒီဇင်ဘာ၅ရက်ကဆန္ဒထုတ်ဖော်နေသည့်လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်ခဲ့သည့် ဖြစ်စဥ်ကိုပင်မသိရသေးဟု ​ရဲတပွသားလွင်မိုးထွန်းကဖြေထားသည်။

Public Service Announcement

Public Service Announcement

လွင်မိုးထွန်းကို သုံ့ဖမ်းထိန်းသိမ်းရေး စည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။