Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာတိုက်ပွဲဆက်ဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တိုက်ပွဲဆက် ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ဓာတ်ပုံ-AFP

စစ်တပ်က လက်နက်ကြီးထိလို့ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၂ဦးသေဆုံး

ဧပြီ-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တိုက်ပွဲဆက် ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ မနေ့က ဧပြီ ၁၈ရက် နေ့လယ် ပိုင်းကနေ ဒီကနေ့ ဧပြီ ၁၉ရက်မနက်ပိုင်းအထိ စစ်တပ်စစ်ကြောင်းတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။

Public Service Announcement

Public Service Announcement

” စစ်ရေးအခြေအနေက တော်တော်ကို ရှုပ်နေတာ။သင်္ကြန်တွင်းတုန်းကလည်းချတယ်။ နောက်ရက်ငြိမ်နေတာကနေ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတယ်။ မနေ့ကညပိုင်းမှာ မှော်လကင်ကျေးရွာထဲကိုလက်နက်ကြီးကျပြီး အသိတစ်ယောက်သေဆုံးသွားတယ်။ ဖားကန့်ဗျူဟာကုန်းကနေပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ အမှိုက်ပုံကျေးရွာအနီးက ဆောင်းချိန်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

ဒါ့အပြင် လုံးခင်းကျေးရွာဘက်မှာလည်း စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦးကျည်ဆံထိမှန်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

“စခစစ်ကြောင်း သုံးကြောင်း မကဘူး။ အရပ်ဝတ်တွေ၊ PDF ယူနီဖောင်းတွေနဲ့ပါလှုပ်ရှားနေတာ။ တိုက်ပွဲက ပိုကြမ်းလာမှာ။ KIA၊KPDF ကလည်း အင်အားထောင်ချီရှိနေတယ်”လို့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီ ၂ရက်ကစပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် PDFရဲဘော်တစ်ဦးနဲ့ အရပ်သားသုံးဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ပြီး အများပြည်သူသွားလာနေတဲ့လမ်းပေါ်မှာ ရုပ်အလောင်းစွန့်ပစ်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ရှေ့တန်းကင်းစခန်း ခြောက်ခုကို KIA၊KPDFက သိမ်းယူနိုင်ခဲ့ပေမယ့် မရှီကထောင်ဆုတောင်းကုန်းကို လက်လွှတ်ခဲ့ရပါတယ်။

မရှီကထောင်ဆုတောင်းကုန်းကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေယူပြီးသိမ်းယူလိုက်တာဖြစ်ပါတယ်။ မြေပြင်စစ်ကြောင်းတွေက ဆက်တိုးလာလို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ကထိခိုက်သေဆုံးမှုများသလို KIA၊KPDFဘက်မှာလည်း အထိအခိုက်ရှိခဲ့ပါတယ်။လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်ကောင်စီကလည်းလမ်းပိုင်းအချို့ကိုကန့်သတ်ထားပါတယ်။

လက်ရှိမှာ ဖားကန့်ဒေသကို စစ်တပ်က အင်အားထပ်ဖြည့်နေပြီး KIA၊KPDF ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာနိုင်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးချက်တွေရှိ နေပါတယ်။

ဖားကန့်နဲ့ဆက်စပ်နေတဲ့တနိုင်းမြို့နယ်မှာလည်း၏စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းတွေနဲ့ KIA၊KPDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေပါတယ်။

တနိုင်းမြို့နယ်မှာ မနေ့က ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းက ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး စခန်းနှစ်ခုကို KIA၊KPDFပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

Facebook