Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဖိလစ်ပိုင် တောင်းဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြား​ရေးဝန်ကြီး ။ ဓါတ်ပုံ- Sherlyn Roxas

ဧပြီ-၂၀၊၂၀၂၆။People’s Spring

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တောင်းဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ကဒေါ်အောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်း မြန်မာစစ်တပ်ကဖမ်းဆီးထားဆဲဖြစ်တဲ့နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဧပြီ ၁၉ ရက်နေ့မှာ တိုက်တွန်းခဲ့တာပါ။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာခြင်းနဲ့ အကျဉ်းသား ၄၅၁၄ ဦးကို ဧပြီ ၁၇ ရက်နေ့မှာ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းတွေဟာယုံကြည်မှုတည်ဆောက်ရေးနဲ့အစုအဖွဲ့ပေါင်းစုံ ဆွေးနွေးမှုတွေစတင်နိုင်ရေးအတွက်အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေအဖြစ်အသိအမှတ်ပြုကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပြန်လွှတ်ရေးဟာ အဓိက အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်နေဆဲဆိုတာ ဖိလစ်ပိုင် အနေနဲ့ ထပ်လောင်း နှိုးဆော်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာရေး ဆိုတာဟာ မြန်မာ့ အကျပ်အ
တည်းကို ဖြေရှင်းဖို့ အာဆီယံက ဆွေးနွေး လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေလိမ့်မယ်လို့ ဖိလစ်ပိုင်က ထောက်ပြထားပါတယ်။

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်အပြီး မြန်မာနိုင်ငံမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ကိုက်ညီမယ့် ငြိမ်းချမ်းတဲ့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ တွေ့မြင်လာရစေဖို့လည်း ဧပြီ ၁၉ ရက်နေ့ ကြေညာချက်ထဲမှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထည့်သွင်း ဆန္ဒပြုထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှာဖမ်းဆီးခံရပြီးမတ
ရား စွပ်စွဲချက်တွေနဲ့ ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ အခုအခါ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လက်ကျန်ထောင်ဒဏ် ၂၄ နှစ်ထဲက ၄ နှစ်ခွဲလောက်ကိုသာလျှော့ချပေးခဲ့ပါတယ်။​​ဒေါ်​အောင်ဆန်းစုကြည်ကိုထောင်ဒဏ်​လျော့​ပေးတယ်ဆိုတာကိုလည်း စစ်တပ်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိပဲ သတင်းဌာနအချို့ကိုသာ စစ်အုပ်စုအတွင်းကအမည်မ​ဖော်ပဲ ​ပြောခဲ့တာမျိုးပဲရှိပါတယ် ။

ကိုးကား-Global Nation

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook