Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ရှိ စကခ(၁၉) လက်နက်တိုက် မီးလောင်​ပေါက်ကွဲမှုဖြစ်

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

စကခ ၁၉ ရဲ့လက်ရုံးတံဆိပ်

ဧပြီ-၂၀၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့လယ် ၃နာရီဝန်းကျင်ကစပြီး ရေးမြို့အဏ္ဏဝါရပ်ကွက်အနီးမှာရှိတဲ့ စကခ(၁၉ )ရဲ့ လက်နက်တိုက်ဟာ ၂ နာရီကျော်ကြာ မီးလောင်​​ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ ရောက်လာတယ်။ ဒီကနေ့(ဧပြီ ၂၀ ရက်) သူတို့စစ်ဆေးမှုအကြီးအကျယ်လုပ်မယ်။တပ်တွင်း မပြေလည်မှုနဲ့၊နားလည်မှုလွဲတာတွေလည်းရှိတယ်လို့လည်းကြားတယ်”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်စဥ်အသေးစိတ်နဲ့ ထိခိုက်သေဆုံးသူ ရှိ၊မရှိကို အသေးစိတ်စိစစ်နေဆဲလို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က အသိပေးပါတယ်။

“မနေ့က ဖြစ်သွားတဲ့ပေါက်ကွဲမှုက နည်းနည်း နောနောမဟုတ်ဘူး။စဖြစ်တာနဲ့ သေဆုံးထိခိုက်မှုတွေကို ကျွန်တော်တို့ အတည်ပြုမရသေးဘူး”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့နယ်မှာစစ်ကောင်စီရဲ့အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ(၆၁)၊ ခလရ (၂၉၉)၊ ခမရ(၃၄၃)၊ ခမရ -၅၈၆၊ ခမရ(၂၈၇)နဲ့အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ-၃၁၆)တွေရှိပါတယ်။

လက်ရှိမှာ စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။