Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းရှိ စစ်တပ်လက်အောက်ခံ SNAစခန်း ၂ခုကို KIAနဲ့ ရှမ်းနီ SSIAပူးပေါင်းတပ် သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ရှမ်းနီတော်လှန်ရေးတပ်(SSIA)တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ရှမ်းနီတော်လှန်ရေးတပ်(SSIA)တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အုန်းစံဆိုင်ကျေးရွာရှိ SNA စခန်း ၃ခု အနက် ၂ခုကို KIAနဲ့ SSIA(Shan Shanni Independence Army)က ဧပြီ ၂၃ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

“လက်နက်ရ တိုက်ပွဲဆက်ဖြစ်တာမရှိ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIAနဲ့ အတူတိုက်ပွဲဝင်ခဲ့တဲ့ SSIA တပ်ဟာ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ ရှမ်းနီတပ်ဖွဲ့ဖြစ်တယ်လို့လည်း ပြောပြပါတယ်။

” စခန်းသိမ်းတဲ့နေ့က တိုက်ပွဲဆူညံနေတာပဲ။ လူတွေက အကုန်အထုပ်တွေပြင်ထားကြတာ။ အခုတော့ ပြန်ငြိမ်သွားပြီ”လို့ မိုးညှင်မြို့ခံတစ်ဦးက ပြောပါတယ်။

စခန်းသိမ်းနိုင်မှု အခြေအနေအပါအဝင် မိုးညှင်းဒေသ စစ်ရေးအခြေအနေတွေမေးမြန်းဖို့ KIO/KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KIAဟာ ဧပြီ ၂၃ရက်မှာပဲ ကချင်ပြည်နယ် ရွှေကူမြို့ ၅လမ်းဆုံ က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။ဧပြီလဆန်းပိုင်းကလည်း ဖားကန့်ဒေသရှိ စစ်ကောင်စီ စခန်းနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – Getty Images)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။