Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်က မြို့နယ်တစ်ချို့မှာ လေပြင်းတိုက်ခတ်

ရန်ကုန်မြို့မှာ ဒီကနေ့ (ဧပြီ ၃၀ )နေ့လည်က မိုးသက်လေပြင်း တိုက်ခတ်မှုတွေဖြစ်ပြီး မြို့နယ်တစ်ချို့မှာ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပါတယ်။

(ကမာရွတ်မြို့နယ်က Time City ဈေးဝယ်စင်တာမှာ ပြုလုပ်နေတဲ့ ဈေးပွဲတော်လေပြင်းတိုက်ခတ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ဧပြီ-၃၀၊၂၀၂၆။‌ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ ဒီကနေ့ (ဧပြီ ၃၀ )နေ့လည်က မိုးသက်လေပြင်း တိုက်ခတ်မှုတွေဖြစ်ပြီး မြို့နယ်တစ်ချို့မှာ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ်က Time City ဈေးဝယ်စင်တာမှာ ပြုလုပ်နေတဲ့ ဈေးပွဲတော်ဆိုရင် လေပြင်းတိုက်ခတ်မှုကြောင့် ဆိုင်တွေ အမိုးတွေလန်တဲ့အထိကြုံခဲ့ရတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။

ဟံသာဝတီလမ်းဘက်မှာ ဆောက်လုပ်ထားတဲ့ဖျော်ဖြေရေးစင်မြင့်လည်းလဲကျသွားပြီး ဆိုင်တော်တော်များများပိတ်သိမ်းထားရတဲ့ အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကြည့်မြင်တိုင်မြို့နယ်ထဲမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။

နေ့အပူချိန်‌ မြင့်‌နေတဲ့ ရန်ကုန်မြို့မှာ မနေ့က(ဧပြီ ၂၉)ညမှာ မိနစ်ပိုင်း ကြာမိုးရွာခဲ့ပြီး ဒီနေ့နေ့လည်မှာတော့ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာပါ။

အခုရက်ပိုင်းအတွင်း ဒေသတချို့မှာ မိုးသည်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook