ဧပြီ-၃၀၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာ ဒီကနေ့ (ဧပြီ ၃၀ )နေ့လည်က မိုးသက်လေပြင်း တိုက်ခတ်မှုတွေဖြစ်ပြီး မြို့နယ်တစ်ချို့မှာ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပါတယ်။
ကမာရွတ်မြို့နယ်က Time City ဈေးဝယ်စင်တာမှာ ပြုလုပ်နေတဲ့ ဈေးပွဲတော်ဆိုရင် လေပြင်းတိုက်ခတ်မှုကြောင့် ဆိုင်တွေ အမိုးတွေလန်တဲ့အထိကြုံခဲ့ရတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။
ဟံသာဝတီလမ်းဘက်မှာ ဆောက်လုပ်ထားတဲ့ဖျော်ဖြေရေးစင်မြင့်လည်းလဲကျသွားပြီး ဆိုင်တော်တော်များများပိတ်သိမ်းထားရတဲ့ အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။

Public Service Announcement

ကြည့်မြင်တိုင်မြို့နယ်ထဲမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။
နေ့အပူချိန် မြင့်နေတဲ့ ရန်ကုန်မြို့မှာ မနေ့က(ဧပြီ ၂၉)ညမှာ မိနစ်ပိုင်း ကြာမိုးရွာခဲ့ပြီး ဒီနေ့နေ့လည်မှာတော့ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာပါ။
အခုရက်ပိုင်းအတွင်း ဒေသတချို့မှာ မိုးသည်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။


















































