Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး ၂၀ကျော်နဲ့ အင်အားဖြည့်တင်း

ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။

(မိုးမိတ်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ၂၊၂၀၂၆၊ရှိန်း/ People’s Spring

ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။

တြိဂံ‌ဒေသတိုင်းစစ်ဌာချုပ်က အင်အားထောင်နဲ့ချီပါတဲ့ စစ်ကား၂၃စီးဟာ ပြင်ဦးလွင်မြို့နယ်ကတဆင့် မိုးကုတ်- မိုးမိတ်ဘက်ကို ဧပြီ၂၉ ရက်က ရောက်လာတာလို့ သိရပါတယ်။

“အဓိကက မဘိမ်းမြို့နယ်ကို ထိုးစစ်ဆင်မယ်လို့ ထင်ရတယ်။သင်္ကြန်မတိုင်ခင်ကတည်းက စကစက မဘိမ်းနယ်ဘက်ကို ထိုးစစ်ဆင်မယ့်သတင်း တွေထွက်ထားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့ကို စစ်တပ်ရဲ့ တပ်မ(၅၅)က ဝင်ရောက်ထားပြီးတဲ့နောက် တပ်အချိန်းအပြောင်း ပြုလုပ်ကာ တပ်မ(၃၃)ထပ်မံဝင် ရောက်လာပြီး ရှမ်းပြည်နယ်အစပ်ကိုတော့ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် ဘတ်တံဆိပ်ပါ စစ်သားတွေဟာ လက်နက်၊ရိက္ခာအပြည့်နဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။

မဘိမ်းမြို့ကို KIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ်တွေက ၂၀၂၄ ဇန်နဝါရီက သိမ်းယူထားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။