မေ၂၊၂၀၂၆၊ရှိန်း/ People’s Spring
ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာချုပ်က အင်အားထောင်နဲ့ချီပါတဲ့ စစ်ကား၂၃စီးဟာ ပြင်ဦးလွင်မြို့နယ်ကတဆင့် မိုးကုတ်- မိုးမိတ်ဘက်ကို ဧပြီ၂၉ ရက်က ရောက်လာတာလို့ သိရပါတယ်။
“အဓိကက မဘိမ်းမြို့နယ်ကို ထိုးစစ်ဆင်မယ်လို့ ထင်ရတယ်။သင်္ကြန်မတိုင်ခင်ကတည်းက စကစက မဘိမ်းနယ်ဘက်ကို ထိုးစစ်ဆင်မယ့်သတင်း တွေထွက်ထားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
မိုးကုတ်မြို့ကို စစ်တပ်ရဲ့ တပ်မ(၅၅)က ဝင်ရောက်ထားပြီးတဲ့နောက် တပ်အချိန်းအပြောင်း ပြုလုပ်ကာ တပ်မ(၃၃)ထပ်မံဝင် ရောက်လာပြီး ရှမ်းပြည်နယ်အစပ်ကိုတော့ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် ဘတ်တံဆိပ်ပါ စစ်သားတွေဟာ လက်နက်၊ရိက္ခာအပြည့်နဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။
မဘိမ်းမြို့ကို KIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ်တွေက ၂၀၂၄ ဇန်နဝါရီက သိမ်းယူထားခဲ့တာပါ။

















































