Connect with us

Hi, what are you looking for?

သတင်း

သမ္မတဦးဝင်းမြင့်ကိုကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြပေးဖို့ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒထုတ်ဖော်

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ သမ္မတဦးဝင်းမြင့်ကိုကြိုဆိုကြောင်းနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

မေ-၂၊၂၀၂၆။ သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ သမ္မတဦးဝင်းမြင့်ကိုကြိုဆိုကြောင်းနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ရဲ့လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ သမ္မတအပါအဝင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာစေကြောင်းဆုတောင်းပေးတဲ့ ဘန်နာချိတ်တဲ့ လှုပ်ရှားမှုကို ရန်ကုန်တော်လှန် ညီနောင်လေးဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

“ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ စာတန်းနဲ့ သမ္မတကြီးဦးဝင်းမြင့်ပုံ ဘန်နာကို ရန်ကုန်မြို့က ဂုံးကျော်တံတားတစ်ခုမှ ချိတ်ဆွဲခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ရှည်လျားသော အခက်အခဲများကို သမ္မတကြီးနှင့်အတူ အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေကြောင်း မည်သို့သော အခြေအနေမျိုးတွင်မဆို ခေါင်းဆောင်များအပေါ် ထားရှိသည့် ယုံကြည်ချက်မှာ အစဉ်ခိုင်မြဲနေကြောင်း။ခေါင်းဆောင်များ၏ ကျန်းမာသတင်းနှင့် ပြန်လည်တွေ့ဆုံမှုသည် ရန်ကုန်ရဲဘော်များနှင့် ပြည်သူများအတွက် အားသစ်လောင်းသည့် မျှော်လင့်ချက်ဖြစ်ကြောင်း” လို့ ဒီလှုပ်ရှားမှု ပြုလုပ်ရတဲ့ အကြောင်းရင်းကို ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း ပင်မသပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း “သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ် “ဓါတ်ပုံပြရန်” မဟုတ်ပါ Proof Of Life ကမ်ပိန်း ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက “ကြောက်ရွံ့မှုဆိုတာ တကယ့်အကျဉ်းထောင် ကြောက်ရွံ့မှုကနေ လွတ်မြောက်ခြင်းဟာ တကယ့်လွတ်မြောက်ခြင်း” ဆိုတဲ့ စာသားကို​င်​ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – GSCB၊ Yangon 4 Brothers

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook