Connect with us

Hi, what are you looking for?

News

လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းရန် အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

“CRPH နှင့် NUG အနေဖြင့် ယခုအဆိုပြုထားသော ဥပဒေကို အလျင်အမြန်လက်ခံပြီး လူ့အခွင့်အရေးကို ထိရောက်စွာနှင့် လွတ်လပ်စွာကာကွယ်ပေးနိုင်ရန်အတွက် အားကောင်းသော လုပ်ပိုင်ခွင့်အာဏာပေးထားသည့် UHRC အသစ်တစ်ခုကို မဖြစ်မနေဖွဲ့စည်းရန်လိုအပ်နေသည်”ဟု အရပ်ဖက်အဖွဲ့အစည်းအလုပ်အဖွဲ့က ပြောသည်။

စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် (UHRC)ကို ဖွဲ့ စည်းရန် မြန်မာအရပ်ဖက်အဖွဲ့အစည်းများက ယနေ့(ဒီဇင်ဘာ၁၄) တောင်းဆိုထုတ်ပြန်သည်။

MNHRC သည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေပြီး စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေခြင်းတို့က ယင်းကော်မရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖျက်သိမ်းပစ်ရန်အရေးကြီးကြောင်း ပြသနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

မြန်မာအရပ်ဖက်အဖွဲ့အစည်းများသည် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်(UHRC)ဥပဒေမူကြမ်းအသစ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ထံ တင်သွင်းခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“CRPH နှင့် NUG အနေဖြင့် ယခုအဆိုပြုထားသော ဥပဒေကို အလျင်အမြန်လက်ခံပြီး လူ့အခွင့်အရေးကို ထိရောက်စွာနှင့် လွတ်လပ်စွာကာကွယ်ပေးနိုင်ရန်အတွက် အားကောင်းသော လုပ်ပိုင်ခွင့်အာဏာပေးထားသည့် UHRC အသစ်တစ်ခုကို မဖြစ်မနေဖွဲ့စည်းရန်လိုအပ်နေသည်”ဟု အရပ်ဖက်အဖွဲ့အစည်းအလုပ်အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

UHRC ဥပဒေသစ်ကို CRPH နှင့် NUGတို့က လက်ခံအတည်ပြီးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်မည်ဆိုပါက စစ်အုပ်စု၏ချိုးဖောက်မှုများအပေါ် ဝေဖန်ထောက်ပြမှုများ သွေဖည်သွားရန် MNHRC က အကာအကွယ်တစ်ခုအဖြစ် ဆက်ရှိနေမည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံတွင် စိတ်ချယုံ ကြည်ရသည့်၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနတစ်ခုဖြစ်လာမည်ဟု ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီမှ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook