Connect with us

Hi, what are you looking for?

News

လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းရန် အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

“CRPH နှင့် NUG အနေဖြင့် ယခုအဆိုပြုထားသော ဥပဒေကို အလျင်အမြန်လက်ခံပြီး လူ့အခွင့်အရေးကို ထိရောက်စွာနှင့် လွတ်လပ်စွာကာကွယ်ပေးနိုင်ရန်အတွက် အားကောင်းသော လုပ်ပိုင်ခွင့်အာဏာပေးထားသည့် UHRC အသစ်တစ်ခုကို မဖြစ်မနေဖွဲ့စည်းရန်လိုအပ်နေသည်”ဟု အရပ်ဖက်အဖွဲ့အစည်းအလုပ်အဖွဲ့က ပြောသည်။

စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် (UHRC)ကို ဖွဲ့ စည်းရန် မြန်မာအရပ်ဖက်အဖွဲ့အစည်းများက ယနေ့(ဒီဇင်ဘာ၁၄) တောင်းဆိုထုတ်ပြန်သည်။

MNHRC သည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေပြီး စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေခြင်းတို့က ယင်းကော်မရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖျက်သိမ်းပစ်ရန်အရေးကြီးကြောင်း ပြသနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

မြန်မာအရပ်ဖက်အဖွဲ့အစည်းများသည် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်(UHRC)ဥပဒေမူကြမ်းအသစ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ထံ တင်သွင်းခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“CRPH နှင့် NUG အနေဖြင့် ယခုအဆိုပြုထားသော ဥပဒေကို အလျင်အမြန်လက်ခံပြီး လူ့အခွင့်အရေးကို ထိရောက်စွာနှင့် လွတ်လပ်စွာကာကွယ်ပေးနိုင်ရန်အတွက် အားကောင်းသော လုပ်ပိုင်ခွင့်အာဏာပေးထားသည့် UHRC အသစ်တစ်ခုကို မဖြစ်မနေဖွဲ့စည်းရန်လိုအပ်နေသည်”ဟု အရပ်ဖက်အဖွဲ့အစည်းအလုပ်အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

UHRC ဥပဒေသစ်ကို CRPH နှင့် NUGတို့က လက်ခံအတည်ပြီးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်မည်ဆိုပါက စစ်အုပ်စု၏ချိုးဖောက်မှုများအပေါ် ဝေဖန်ထောက်ပြမှုများ သွေဖည်သွားရန် MNHRC က အကာအကွယ်တစ်ခုအဖြစ် ဆက်ရှိနေမည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံတွင် စိတ်ချယုံ ကြည်ရသည့်၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနတစ်ခုဖြစ်လာမည်ဟု ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီမှ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။