Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်က ဝင်းတာပန်ရွာတိုက်ပွဲ စစ်တပ်က နေအိမ်တွေကို မီးရှို့

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းက ဝင်းတာပန်ရွာက နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်၊လက်နက်ကြီး ၊ပါရာမော်တာတွေ သုံးပြီး ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးနေတာကိုတွေ့ရစဉ်။ ဓာတ်ပုံ - KNU

မေ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းက ဝင်းတာပန်ရွာက နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်၊လက်နက်ကြီး ၊ပါရာမော်တာတွေ သုံးပြီး ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီလကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ ဝင်းတာပန်ရွာကို စစ်ကောင်စီက လေကြောင်းက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သလို မြေပြင်ကနေ စစ်ကူပို့ဆောင်ခဲ့တာပါ။

ဧပြီ ၂၇ရက်မှာ စစ်ကောင်စီရဲ့ စစ်ကူတပ်က ဝင်းတာပန်ရွာကို ဝင်ပြီးအရပ်သားပြည်သူ နေအိမ်တွေ မီးရှို့ခဲ့သလို ဧပြီ ၂၅ရက်၊ ၂၈ရက်နဲ့ ၂၉ရက်နေ့မှာ ပါရာမော်တာနဲ့ လက်နက်ကြီး ဗုံးသီးတွေကြဲချတာ၊ ဧပြီ ၂၇ရက်မှာ Y12နဲ့ ဗုံးသီးချတာ၊ ဧပြီ ၃၀ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၈ရက်က ဝင်းတာပန်ရွာအတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်တဲ့ရွာကို ပစ်မှတ်သတ်မှတ်ပြီး လေကြောင်း တိုက်ခိုက်ခဲ့လို့ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပေမယ့် လတ်တလောမှာ ထိခိုက်ပျက်စီး အရေအတွက် စာရင်း မကောက်ယူနိုင်သေးဟု အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ရက်က KNU တပ်မဟာ(၁) နဲ့ တော်လှန်ရေးပူးပေါင်းတပ်က ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဟာ တပ်မဟာ(၁)နယ်မြေ ဘီးလင်းနဲ့ ဘားအံမြို့နယ်တွေကို လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဧပြီ၂၇ရက်မှာ စကခ (၈)လက်အောက်ခံ ခမရ(၄၀၈) တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်လို့ ဘားအံမြို့နယ် ထီးကျော်ခီးရွာက အသက် ၈၈နှစ်အရွယ် သက်ကြီးရွယ်အိုတဦး သေဆုံးခဲ့ရတယ်လို့ သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေလို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။