Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးပေါ်တာဆွဲလာလို့ ဒေသခံတွေ စိုးရိမ်နေရကြောင်း သတင်းရရှိပါတယ်။

(ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မုံရွာမြို့ပေါ်တွင် ဖြတ်သန်းလာသော စစ်ကားတစ်စီးပေါ်၌ ပေါ်တာဆွဲလာသည့်လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Monywa Revolution)

မေ-ရက်၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးပေါ်တာဆွဲလာလို့ ဒေသခံတွေ စိုးရိမ်နေရကြောင်း သတင်းရရှိပါတယ်။

မုံရွာမြို့မှာ ဒီကနေ့ (မေလ ၃ရက်)မှာ စက်မှုဇုန်နဲ့ရပ်ကွက်အချို့မှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပြီး နေအိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါဖမ်းဆီးမှုများကြောင့် မုံရွာမြို့ ရုပ်စုံကျောင်းလမ်းမှာ ပြည်သူ ၃ဦး၊ ဘုရားငါးဆူကျောင်းလမ်းမှာ ပြည်သူ ၃ ဦး၊ ညောင်တပင် ကြက်သွန်ဈေးလမ်းမှာ ပြည်သူ ၄ဦးထက်မနည်းနဲ့ စက်မှုဇုံ ပင်မနှပ်ဆေးတိုက်အနီးမှာလည်း အများအပြား ပေါ်တာဆွဲခံရကြောင်း၊ ဒါ့အပြင် မုံရွာတောင်ကူးတို့ကုန်းရပ်ကွက်မှာလည်း နေအိမ်ပေါ်ထိတက်ဆွဲလို့ လူငယ်တစ်ဦး ပါသွားကြောင်း မုံရွာရပ်ကွက် ကင်းထောက်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်က အိမ်ပေါ်ထိ မဆွဲဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ လမ်းမှာဆွဲတာပဲရှိတာ။ လမ်းမကြီးတွေပေါ်လည်းသိပ်ဆွဲသံမကြားဘူး။ ရပ်ကွက်လမ်းကြားတွေထဲပဲဆွဲတာများတာပါ။ အခုဆို

အိမ်ထဲကအပြင်ကို သိပ်မထွက်ရဲဘူး”လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

အခုလို ရပ်ကွက်လမ်းကြားတွေအတွင်းနဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိလာတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပြီး အပြင်ထွက်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်မှုထမ်းအပတ်စဥ် (၂၄)ကို စတင်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

Facebook