Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို တော်လှန်ရေးတပ်တွေစုပေါင်း တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(Ye Guerrilla Force-ရေးပြောက်ကျားတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Ye Guerrilla Force)

မေ-၃၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ(၅၈၈)၊ခြေလျင်တပ်ရင်း ခလရ(၁၀၆)နဲ့ အမြောက်တပ် (အမတ-၃၁၇)တပ်ရင်းတွေ စုပေါင်းပြီး ရေးမြို့နယ်မြောက်ပိုင်း စစ်ကြောင်းထိုးလာတာကြောင့် ဧပြီ ၂၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ရာမညမွန်တပ်တော်(RMA)၉၀၁တပ်ရင်း၊KNLA တပ်ရင်း၂၇ နဲ့ အတူ လက်ဦးမှုရယူပြီး အောင်သာယာကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

၁၀မိနစ်ဝန်းကျင်သာကြာတဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်က လေးဦးသေဆုံးပြီး ၁၀ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

“အောင်သာယာရွာက အမှတ်(၈)လမ်းမကြီး(ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်း)ပေါ်ရှိတယ်။အောင်သာယာကို လမိုင်းမြို့အရှေ့ဘက် မော့ကနင်းရွာ စစ်တပ်အခြေစိုက်တပ်တွေက စစ်ကြောင်းထိုးတာ။သိပ်မဝေးဘူး”လို့ ရေးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်စဥ်နဲ့ စစ်တပ်စစ်ကြောင်းရဲ့ လတ်တလောအခြေအနေကို Ye Guerrilla Force-ရေးပြောက်ကျားတပ်ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ(၆၁)၊ ခလရ(၁၀၆)၊ခလရ(၂၉၉)၊ ခမရ(၃၄၃)၊ ခမရ(၅၈၆)၊ ခမရ (၅၈၈)၊ ခမရ(၂၈၇)၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်း တွေရှိပါတယ်။

စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook