Connect with us

Hi, what are you looking for?

သတင်း

အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်တဲ့စစ်ကောင်စီဖိအားကို အလျှော့ပေးမှာမဟုတ်ဘူး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

(The Diplomat သတင်းဌာနနဲ့ အင်တာဗျူး​ဖြေကြား​ပေး​နေတဲ့ AA တပ်မှူးချုပ်။ဓါတ်ပုံ-The Diplomat)

​မေ-၅၊၂၀၂၆။ယောနသံ/People’s Spring

အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင်နေတဲ့စစ်ကောင်စီဖိအားကို အလျော့ပေးမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားပါတယ်။

မေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေပိုမိုကျူးလွန်လာပြီး အရပ်သားတွေကိုပစ်မှတ်ထား ဖိအားပေးနေတဲ့အခြေအနေအပေါ် The Diplomat သတင်းဌာနက မေးမြန်းတဲ့အခါ ” စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျွန်တော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကောင်စီက အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြန်လည်ဖြေကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

‌​လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့အသိပေးထားပါတယ်။

” ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAနဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနေခဲ့တဲ့အကြောင်းကိုလည်း The Diplomat က မေးမြန်းထားပါတယ်။အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်တွေ ရခိုင်မှာ အခြေမစိုက်ဖို့AAက တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။

“စစ်တပ်ဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်းဆက်များ အဆုံးသတ်သည့်ကာလ)မတိုင်ခင် အခြေအနေဆီကို ပြန်သွားချင်ပါတယ်။လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား စစ်တပ်ဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။ စစ်တပ်က အထက်စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပါတယ်။

AAက ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး လေ‌ကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေပါတယ်။ ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ရက်နေ့ကျရောက်တဲ့ ၁၇နှစ်မြောက်အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်လို့လည်း ၎င်းရဲ့အမြင်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားထားပြီး တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့လည်းမျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် စစ်ရေးအခြေအနေတွေပိုမို ဆိုးရွားလာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။တခြားအစုအဖွဲ့တွေလည်း ရှိပါသေးတယ်။အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ စစ်ကောင်စီက ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်​တွေအပါအဝင် စစ်မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။