Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ တုံ့ပြန်တောင်းဆိုချက်တွေက လက်ခံနိုင်စရာ မရှိဘူးလို့ ထရမ့်ဆို

စစ်ရပ်စဲရေး သဘောတူညီမှုအတွက် အမေရိကန်ဖက်က ပေးပို့တဲ့ အဆိုပြုချက်ကို အီရန်က တုံ့ပြန် တောင်းဆိုထားတဲ့ ကိစ္စတွေဟာ လက်ခံနိုင်စရာ လုံးဝ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ရပ်စဲရေး သဘောတူညီမှုအတွက် အမေရိကန်ဖက်က ပေးပို့တဲ့ အဆိုပြုချက်ကို အီရန်က တုံ့ပြန် တောင်းဆိုထားတဲ့ ကိစ္စတွေဟာ လက်ခံနိုင်စရာ လုံးဝ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

အီရန် အစိုးရက တစ်စိတ်တပိုင်း ထိန်းချုပ်ထားတဲ့ Tasnim သတင်းဌာနက အီရန်ရဲ့ အဆိုပြုချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပါကစ္စတန် အစိုးရဆီကနေတဆင့် အမေရိကန်ဆီ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီ အဆိုပြုချက်ထဲမှာတော့ လက်ရှိ စစ်မက်ဖြစ်ပွားနေမှု အားလုံး ရပ်ကြဖို့၊ အီရန်အပေါ် အမေရိကန်က နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်တော့ပါဘူးဆိုတဲ့ အာမခံချက် ပေးဖို့၊ အီရန်ဆိပ်ကမ်းတွေနဲ့ ရေယာဉ်တွေကို ပစ်မှတ်ထားပြီး ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက် ကတည်းက အပစ်အခတ် ရပ်စဲထားပြီး စစ်ပွဲကို အပြီးတိုင် အဆုံးသတ်စေမယ့် ညှိနှိုင်းမှုတွေကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာ ထရမ့်က အီရန်စစ်ပွဲဟာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အမေရိကန်နဲ့အတူ လက်တွဲပြီး အီရန်ကို တိုက်ခဲ့တဲ့ အစ္စရေးနိုင်ငံရဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံ ဓာတ်သတ္တု သန့်စင်မှုအားလုံး ချုပ်ငြိမ်းမသွားမချင်း စစ်ပွဲကို ရပ်တန့်လို့ရပြီလို့ မသတ်မှတ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အီရန် ပိုင်နက်ထဲမှာ ကျိန်းသေပေါက် ဖျက်ဆီးပစ်ရမယ့် ယူရေနီယမ် သန့်စင်မှု စက်ရုံတွေ ကျန်နေဆဲလို့ နေတန်ညာဟုက ပြောပါတယ်။

အီရန်ဖက်က ပေးပို့လိုက်တဲ့ တန်ပြန် ညှိနှိုင်း တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ထရမ့်က အီရန်ရဲ့ ကိုယ်စားလှယ်ဆိုသူတွေ ပေးပို့ခဲ့တဲ့ တုံ့ပြန်ချက်ကို သူက ဖတ်ကြည့်ထားပြီးဖြစ်ကြောင်း၊ အဲဒီအချက်တွေကို သူသဘောမကျကြောင်း၊ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း မေလ ၁၀ ရက်နေ့တုန်းက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက အဲဒီ အဆိုပြုချက်တွေကို တိုက်ရိုက် ရည်ညွှန်းတာ မဟုတ်ပေမယ့် အီရန်ဟာ ရန်သူကို ဘယ်တော့မှ ဦးညွှတ်အလျှော့ပေးမှာ မဟုတ်ကြောင်း၊ ညှိနှိုင်းမှုနဲ့ ဆွေးနွေးမှုတွေ ရှိနေတာ မှန်ပေမယ့် အဲဒီ အဓိပ္ပါယ်ဟာ ဆုတ်ခွာမှုနဲ့ အရှုံးပေးမှုတွေ လုံးဝမဟုတ်ကြောင်း မေလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ ဟောမုဇ် ရေလက်ကြားရဲ့အထွက် အိုမန်ပင်လယ်ကွေ့နားမှာ အမေရိကန် ရေတပ်က အီရန်ရေယာဉ်တွေကို စောင့်ကြို ပိတ်ဆို့နေသလို အီရန်ကလည်း နိုင်ငံကမ်းလွန်မှာရှိတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားဆဲပါ။ ဟောမုဇ်ဟာ ကမ္ဘာ့စွမ်းအင်စီးဆင်းမှုအတွက် အချက်အခြာ အကျဆုံး ရေလမ်းကြောင်းတစ်ခု ဖြစ်ပြီး မတ်လဆန်းလောက် ကတည်းက အီရန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာဆီ စျေးတွေ ထိုးတက်ကုန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဟောမုဇ်တဝိုက် ရေပြင်မှာ အီရန်နဲ့ အမေရိကန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတချို့ ရှိခဲ့ပေမယ့် အပစ်ရပ် သဘောတူညီမှုက ဆက်လက် တည်တံ့နေဆဲလို့ နှစ်ဖက်စလုံးက အသီးသီး အတည်ပြုခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။