Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်မှာ အရပ်သားတွေလုံခြုံရေး KIAသတိပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာပြီး စစ်ရေးဆက်လက် တင်းမာနေသလို တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို ပိုပြီးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

(၂၀၂၅မေလက ဖားကန့်မြို့အတွင်း ဝင်ရောက်လာသော စစ်ကြောင်းမှ စစ်သားတချို့။ ဓာတ်ပုံ- Tarlin Mg)

မေ-၁၁၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာပြီး စစ်ရေးဆက်လက် တင်းမာနေသလို တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို ပိုပြီးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

” ဖားကန့်မှာတိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်ဆိုတာ ဒေသခံပြည်သူတွေ ပိုပြီးသိရှိထားဖို့လိုတယ်။ သူတို့ အင်အားတွေ ထပ်ပြီး တိုးနေတယ်။ စစ်ကြောင်းတွေဝင်လာရင်ထွက်ပြီးမကြည့်ကြဖို့၊ ဘေးကင်းတဲ့နေရာကို သွားနေဖို့ အရေးကြီးပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စုမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဖားကန့်မြို့ဘက်ကို ပိုတိုးလာပြီး လုံးခင်းနဲ့ ဖားကန့်ကြားမှာရှိတဲ့ နမ္မဖြစ်‌ရွာက ဘုရားကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့ကို မေလ၁၀ရက်မှာ စစ်တပ်မြေပြင်စစ်ကြောင်းတွေဝင်လာစဉ် ဒရုန်းနဲ့ ဗုံးကြဲပြီး လမ်းရှင်းတဲ့အတွက် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။မေလ၇ရက်ကလည်း လုံးခင်းကျေးရွာအုပ်စုထဲမှာ မိုင်းပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

မေလ ၈ရက်မှာ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုနဲ့ လုံးခင်းဂေါက်ကွင်းလမ်း၊ကုဋေလမ်းဆုံအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဖားကန့်မှာ ဧပြီ၂ရက်ကစတင်ပြီး စစ်ရေးတင်းမာနေတာကနေ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဆို မြေပြင်တိုက်ပွဲ ၈ရက်မြောက်ဖြစ်ပါတယ်။

ဖားကန့်ဒေသကို ရောက်ရှိနေတဲ့စစ်ကြောင်းမှာ စစ်တပ်နဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်တယ်လို့ သတင်းရရှိပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှု ‌ တွေလည်းရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း စစ်ကောင်စီကတပ်စွဲထားလို့ နာရေးကူညီမှုတွေအပါအဝင် တခြားလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်တန့်ထားကြရပါတယ်။

ဒါအပြင် စစ်တပ်က လမ်းသွားလမ်းလာတွေစစ်ဆေးပြီး ပါလာတဲ့ငွေကြေးတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။