Connect with us

Hi, what are you looking for?

သတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

(ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ခလရ(၁၀၆) ဒုတပ်ရင်းမှူးဆိုသူကို တွေ့ရစဥ်။ဓာတ်ပုံ - ရေးဘီလူး)

မေ-၁၂၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မစ်ရှင်အနေနဲ့ဝင်ဆော်တာ။လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

“သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်”လို့ သူက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။

စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။