Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့စံချိန်တင် စတန့်ပြကွက်အတွက် ပြင်ဆင်ရင်း ကွယ်လွန်ခဲ့ရှာတဲ့ လူစွန့်စား ဆိုင်ကယ်သမား

ပြေးလမ်းအတိုင်း အရှိန်နဲ့မောင်းပြီး ၃၅၁ ပေ အကွာအဝေးထိ ရောက်အောင် ခုန်ဖို့ ကြိုးစားရင်း မြေသား တောင်ကုန်းပေါ်ကို ဆိုင်ကယ်ရော၊ လူပါ ဟန်ချက်ပျက် ပြုတ်ကျခဲ့ကြောင်း၊ ဟာဗဲလ်ရဲ့ ဆိုင်ကယ်စီး ခေါင်းဆောင်း ကျွတ်ထွက်သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြောင်း ဂရန့်ကောင်တီ လေယာဉ်ကွင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အမေရိကန် နိုင်ငံက လူစွန့်စား တစ်ဦးဟာ ကမ္ဘာ့စံချိန်တင် ဆိုင်ကယ်စတန့် ပြကွက်တစ်ခုအတွက် ပြင်ဆင်နေရင်း မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်ခဲ့ရှာပါတယ်။

အသက် ၂၈ နှစ်အရွယ် လူစွန့်စား အဲလက်စ် ဟာဗဲလ်ဟာ ဆိုင်ကယ်စီးပြီး အဝေးဆုံး အကွာအဝေးထိ ခုန်နိုင်မယ့် ကမ္ဘာ့စံချိန်သစ် တင်ဖို့ ကြိုးစားနေသူပါ။ သူဟာ ဇွန်လ ၁၇ ရက်က ဆိုင်ကယ်နဲ့ အစမ်းမောင်းနှင်ကြည့်ရင်း အကျမတော်ရာက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ပြေးလမ်းအတိုင်း အရှိန်နဲ့မောင်းပြီး ၃၅၁ ပေ အကွာအဝေးထိ ရောက်အောင် ခုန်ဖို့ ကြိုးစားရင်း မြေသား တောင်ကုန်းပေါ်ကို ဆိုင်ကယ်ရော၊ လူပါ ဟန်ချက်ပျက် ပြုတ်ကျခဲ့ကြောင်း၊ ဟာဗဲလ်ရဲ့ ဆိုင်ကယ်စီး ခေါင်းဆောင်း ကျွတ်ထွက်သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြောင်း ဂရန့်ကောင်တီ လေယာဉ်ကွင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဝါရှင်တန် ပြည်နယ်မှာရှိတဲ့ အဲဒီ လေယာဉ်ကွင်းမှာ ကျင်းပမယ့် မော့ဆက်လိတ်ခ် လေကြောင်းပြပွဲအတွင်း ပရိသတ်တွေ ရှေ့မှောက်မှာ ကမ္ဘာ့စံချိန်သစ် တင်ပြဖို့ ဟာဗဲလ်က ရည်ရွယ်ထားတာပါ။

ဟာဗဲလ်ကို ချက်ချင်း ဆေးရုံ တင်ပို့ခဲ့ကြပေမယ့် သူ့အသက်ကို မမီခဲ့ပါဘူး။ ဟာဗဲလ်ရဲ့ ဇနီးဟာ သားတွေနဲ့အတူ လေကြောင်းပြပွဲမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းပြပွဲ တာဝန်ရှိသူတွေက ဟာဗဲလ်ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ထပ်တူ အထူးတလည် ဝမ်းနည်းမိကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဟာဗဲလ်ဟာ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး အရင်က ဆိုင်ကယ်နဲ့ အမြင့်ခုန် စံချိန်နှစ်ခု ပိုင်ဆိုင်ထားဖူးပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဂျက်ဆီကာဟာ ဒုတိယမြောက် သားငယ်လေးကို မကြာသေးခင်ကမှ မွေးဖွားထားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။