Connect with us

Hi, what are you looking for?

News

စစ်ကိုင်း-မုံရွာလမ်း၌ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ထိခိုက် သေဆုံးမှုများနိုင်ဟု ပကဖတာဝန်ရှိသူ​ပြော

“တိုက်ပွဲဖြစ်နေလို့ အုန်းတောနဲ့ ကံတလူ ကြား ကားအစီးရေ တစ်ထောင်ကျော် လောက် ပိတ်မိသွားတယ်။ အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ် ပြောတယ်” ဟုအဆိုပါ​ဒေသခံက​ပြောသည်။

(မိုင်းဆွဲ တိုက်ခိုက်မှုများဖြစ်ပွားနေစဥ်ပြည်သူများ၏ ကားများကရပ်တန့်စောင့်ထားကြသည်)

စစ်ကိုင်းမြို့နယ် စစ်ကိုင်း – မုံရွာလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကား ၇စီးပါယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း စစ်ကိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

(မိုင်းဆွဲ တိုက်ခိုက်မှုများဖြစ်ပွားနေစဥ်ပြည်သူများ၏ ကားများကရပ်တန့်စောင့်ထားကြသည်)

ယနေ့ (ဒီဇင်ဘာ ၁၆ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်း-မုံရွာလမ်းမကြီးပေါ် ရွာသစ်ကျေးရွာနှင့်အုန်းတောကျေးရွာကြား၌ စစ်ကိုင်းမှမုံရွာဦးတည်ထွက်ခွာလာသည့် စစ်​ကောင်စီယာဉ်တန်းကို စစ်ကိုင်းမြို့နယ်ပ.က.ဖ (ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ )၏ ထုတ်နှုတ်အင်အားနှင့် Local PDFပူးပေါင်း၍ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မိုင်းဆွဲ တိုက်ခိုက်မှုများဖြစ်ပွားနေစဥ်ပြည်သူများ၏ ကားများကရပ်တန့်စောင့်ထားကြသည်)

“ကျွန်တော်တို့ ရှေ့ထွက်မိုင်း လေးလုံးပဒေသာနဲ့ ဆွဲလိုက်တယ်၊ ‌မိုင်း၂လုံးထိသွားတယ်၊ နောက်ဆုံး ကားထိသွားတာဗျ၊ ပထမ တလုံးက ‌ကားခေါင်းထိသွားတာ ကားကလည်ထွက်သွားတယ်၊ နောက်တစ်လုံးထပ်ကွဲတယ် ကားကို မိမိရရထိသွားတယ်၊ ကျန်တဲ့ကားတွေပေါ်က ဆင်းပြီးရမ်း ပစ်ကြတယ်၊ အသေအပျောက်အထိခိုက်များနိုင်တယ်၊ ကားပေါ်မှာ တုန်းလုံးပက်လက်တွေပဲ၊ ထိခိုက်သေဆုံးတဲ့အရေအတွက်တော့ မသိရဘူး” ဟု မြို့နယ်ပ.က.ဖတာဝန်ရှိသူက ပြောသည်။

ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လူနာတင်ယာဉ် ၂စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်ဟု ၎င်း ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(မိုင်းဆွဲ တိုက်ခိုက်မှုများဖြစ်ပွားနေစဥ်ပြည်သူများ၏ ကားများကရပ်တန့်စောင့်ထားကြသည်)

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အဆိုပါလမ်းပိုင်း ခေတ္တ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ တိုက်ပွဲဖြစ်နေလို့ အုန်းတောနဲ့ ကံတလူ ကြား ကားအစီးရေ တစ်ထောင်ကျော် လောက် ပိတ်မိသွားတယ်။ အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ် ပြောတယ်” ဟုအဆိုပါ​ဒေသခံက​ပြောသည်။

တိုက်ခိုက်ခံသည့် စစ်ယာဉ်တန်းသည် ရန်ကုန်အခြေစိုက် အမှတ်(၁၁)ခြေမြန်တပ်မမှ ဖြစ်ပြီး အဆိုပါ တပ်သည်စစ်ကိုင်း တပ်မ (၃၃) မှတစ်ဆင့် မုံရွာသို့ ဦးတည်ထွက်ခွာလာစဉ် လမ်း၌ တိုက်ခိုက်ခံ ရခြင်းဖြစ်သည်ဟု မြို့နယ် (ပ.က.ဖ)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။