Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Screen-grab

စက်တင်ဘာ-၄၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့်​ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

​အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရဲတပ်ရင်း ၁၆ နဲ့အမှတ်၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းက လာတဲ့ကောင်တွေဗျ။ သေဆုံး ၃ ယောက်ထဲက တယောက်ကတစစီပဲ။ ခြေတခြား လက်တခြား ပြတ်ထွက်ပြီး သေဆုံးသွားတာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဟာ သေဆုံးရဲအလောင်းတွေကို လာရောက်သယ်ယူချိန် မုံရွာ-မန္တလေးလမ်းကို လမ်းပိတ်လိုက်ပြီး ခရီးသွားတွေကိုပါ စစ်​​ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နမခကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီး လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ယာဉ်တန်းဟာ ဒီကနေ့ အောက်တိုဘာ ၁၂ရက် မနက်မှာ မိုးညှင်းကနေ မြစ်ကြီးနားမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။