Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ အိမ်စီးကားမှောက်ပြီး အမျိုးသမီး ၂ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ - MFSD

မေ-၂၅၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့(မေ ၂၅) မနက် ၉နာရီခွဲလောက်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့တာပါ။

“သူတို့က မိတ္ထီလာကနေ မန္တလေးကို သွားမှာ။ ကားက မိုင်တိုင် ၃၃၃/၇ ဖာလုံအရောက်မှာ ညာဘက်ဘီးပေါက်ပြီး လမ်းဘေးကိုထိုးကျသွားတာ ။ ထိုးကျသွားတဲ့ အရှိန်က များတာဖြစ်တဲ့အတွက် ကားပေါ်မှာပါလာတဲ့သူ‌တွေအကုန်လွင့်ထွက်ကုန်တာ။” လို့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားပေါ်မှာ လူကြီး ၃ဦးနဲ့ ကလေး ၃ဦး လိုက်ပါလာတာဖြစ်ပြီး အသက် ၆၀ ကျော် နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အသက် ၉ နှစ်ရွယ်ကလေးတစ်ဦးကိုတော့ စိုးရိမ်ရတဲ့အေခြအနေနဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကို အချိန်မီတင်ပို့နိုင်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ကျန်တဲ့ ယာဉ်မောင်းနဲ့ကလေး ၂ဦးကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ စမ်းရေမိုးဇာတ်ပွဲလာကြည့်တဲ့ ပရိသတ်ရဲ့ကားတစ်စီး လမ်းဘေးချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။