Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

မေ-၂၈၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

မကြာခင်သွားရောက်မယ့် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဥ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲများဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဥ် ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်အကောင်အထည်ဖော်သူက ထုတ်ပြန်ပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရဆီ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီဖို့၊ ဒီမိုကရက်တစ်စံတန်ဖိုးတွေနဲ့အတူ အိန္ဒိယက ဆက်လက်ရပ်တည်လိမ့်မယ်လို့ မြန်မာပြည်သူတွေက ရိုးသားစွာ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

နယူးဒေလီရောက်မြန်မာတွေဟာ ဒီနေ့ မေလ ၂၈ရက်မှာ နယူးဒေလီရှိ Jantar Mantar နဲ့ မေလ ၃၀ ရက်မှာ မြန်မာသံရုံးရှေ့ ငြိမ်းချမ်းစွာ ဥပဒေနဲ့အညီ ဆန္ဒပြသွားဖို့ စီစဥ်ထားပါတယ်။ ဆန္ဒပြမယ့် အချိန်တွေကတော့ နှစ်ရက်စလုံး ညနေ ၃နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။