Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး EVကား တင်သွင်းပေးမယ်ဟုဆို

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

(ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၂၀၂၃အောက်တိုဘာ ၅ ရက်က လျှပ်စစ်ကား (EV)မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ-၂၉၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“မူဝါဒ လို့ပဲ ပြောရဦးမယ်။အသေးစိတ်အချက်အလက်တွေ မပါသေးဘူး။ဥပမာ ယာဉ်တန်ဖိုးကို ဘယ်လို ဖြတ်မလဲ။၂၀၀၆ မော်ဒယ် အောက်ယာဉ်တွေ အကုန်ပါမှာလား။ပြန်လဲမယ့် EV ကားအတွက် ဒေါ်လာကို အလုံအလောက်ထုတ်ပေးမှာလား။ဒါတွေ ဖြေရှင်းဖို့ကျန်သေးတယ်”လို့ မော်‌တော်ယာဉ်ဈေးကွက် စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးမယ့်ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ)တင်ပြရင် အပ်နှံတဲ့ ယာဉ်အမျိုးအစားအလိုက် သင့်လျော်တဲ့ လျှပ်စစ်သုံးယာဉ် (EV)တစ်စီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ဆက်စပ်လုပ်ငန်း‌‌ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်မယ်လို့ သိရပါတယ်။

အစားထိုးတင်သွင်းမယ့် EVယာဉ်အတွက် ကျသင့်မယ့်နိုင်ငံခြားငွေကိုလည်း ဗဟိုဘဏ်က သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ပဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ဗဟိုဘဏ်က ဒေါ်လာဘယ်လောက်အထိ ချပေးနိုင်မလဲဆိုတဲ့ အချက်နဲ့ ပြည်တွင်း လျှပ်စစ်မီးရရှိမှု အခြေအနေပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ်။လက်ရှိ ဈေးကွက်ထဲက EV ကားတွေတောင် နာရီ၀က် ၄၅ မိနစ်လောက် တန်းစီပြီး အားသွင်းနေတာတွေ ဖြစ်နေတာလေ”လို့ မရမ်းကုန်းမြို့နယ်က ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရဲ့စာရင်းတွေအရ အခု ၂၀၂၆ မေလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၃,၀၀၀ နီးပါး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးက တင်သွင်းထားတဲ့အပြင် သူတို့နဲ့ ဆက်စပ်ပတ်သက် သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့ အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောပါတယ်။

တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်ခေါင်းဆောင်ကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခု ၂၀၂၆ဧပြီ ၁ ရက်က နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ မြေဩဇာရရှိရေး အစည်းအဝေးမှာယာဥ်အိုယာဥ်ဟောင်း အပ်နှံပြီး EV ကားတင်သွင်းမယ့်စနစ်ကို ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။